Both Zawgyi and Uni
{Zawgyi}ဟိုင်ရှန့်ရဲ့မယ်တော်မှာ
စုန့်မြို့စားအိမ်က မျိုးရိုးနိမ့်
အစေခံတစ်ယောက်
ဖြစ်သည်။အစေခံဆိုပေမဲ့
သူမရဲ့မျက်နှာဟာ ကြည့်ပျော်ရှုပျော်
အခြေအနေဆိုတာထက်
အများကြီးပိုသည်။စုန့်မြို့စားရဲ့
မနာလိုဝန်တိုစိတ်များပြီး
စိတ်ကောင်းမရှိတဲ့ သမီးဖြစ်သူက
သူမကို အမြဲအခက်ကြုံ အောင်
ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးတတ်သည်။သူမ သိတာ တစ်ခုသာရှိသည်။
သူမ ယခုလိုအစေခံဘဝမှ
လွတ်မြောက်ချင်၏။တစ်နေ့မှာ အိမ်ရှေ့စံချန်ဟာ အမှုကိစ္စ
တစ်ခုကိုဖြေရှင်းဖို့အတွက် စုန့်မြို့ကို
ရောက်လာခဲ့သည်။စုန့်မြို့စားအိမ်မှာ
တည်းခိုခဲ့သည်။စုန့်မြို့စားက
အိမ်ရှေ့စံချန်ကို သူ့သမီးနှင့်
မိတ်ဆက်ပေးခဲ့၏။ဘယ်နည်းကိုပဲ
သုံးရပါစေ၊လွတ်မြောက်ဖို့သာ
အဓိကဖြစ်သည်ဟု ခံယူထားသော
သူမ အကြံကြီးကြီးကြံခဲ့မိသည်။အိမ်ရှေ့စံချန်သောက်မည့်သေရည်ထဲ
တွင် ဆေးခပ်ကာ သူမနှင့်တစ်ညတာ
မှားယွင်းစေခဲ့သည်။တစ်နည်း အပိုင်ကြံ
ခဲ့ခြင်း။သို့သော် သူမအပြုအမူကို
စုန့်မြို့စားရဲ့သမီးက သိသွားခဲ့၏။
ထို့ပြင် ချောမောလွန်းသလို
မောက်မာသောအိမ်ရှေ့စံချန်က
သူမကို အထင်အမြင်သေးခဲ့သည်။ထိုသူပြောခဲ့တဲ့စကားက...
'ငါ လောကမှာအမုန်းဆုံးက
မင်းလိုမိန်းမမျိုးတွေပဲ' တဲ့။အိမ်ရှေ့စံချန် ပြန်သွားသောအခါ
စုန့်မြို့စားရဲ့သမီးကိုသာ
ကတိတစ်ခုပေးခဲ့သည်။
ဘုရင်ဖြစ်တဲ့အချိန်
မိဖုရားမြှောက်မည်ဟူ၍။သူမ ကိုယ်ဝန်လွယ်ထားရပြီကို
သိလိုက်ရချိန်က အိမ်ရှေ့စံချန်
ပြန်သွားပြီးမှ ဖြစ်သည်။
အိမ်ရှေ့စံချန်၏သွေးသားကို
သူမ လွယ်ထားရကြောင်း
စုန့်မြို့စားရဲ့သမီးက အရင်သိသွား
ပြီး သူမကို နှင်ထုတ်ခဲ့၏။
BẠN ĐANG ĐỌC
ဆုံချက်မဲ့ချစ်ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]