Part-2

1.9K 214 17
                                    

Both Zawgyi and Uni
{Zawgyi}

နန်း​တော်​ကြီး၏အ​နောက်​ဘက်
နားမှာ တည်​ရှိသည့်​ ဥယျာဉ်​​တော်
ထဲတွင်​ ပန်းမျိုးစုံတို့သည်
ရနံ့ကြိုင်​လှိုင်လျက်
အ​​ရောင်​အ​သွေးအမျိုးမျိုး၊
ပုံစံအမျိုးမျိုးဖြင့်​ လှလှပပဖူးပွင့်​​နေ
ကြသည်​။စိမ်းစို​သောမြက်​ခင်းမှာ
ညီညာ​အောင်​ညှိထားသဖြင့်
တ​ပြေးညီကြွရွ​နေသည်​။
အရိပ်​ရ​သောသစ်​ပင်​များ​အောက်​တွင်​ အနားယူနိုင်​ရန်​ စားပွဲခုံဝိုင်းနှင့်
သစ်​သားထိုင်​ခုံပု​လေးများကို
ခင်း​ကျင်းထား​လေသည်​။

ထိုကဲ့သို့ စားပွဲတစ်​ဝိုင်း​ပေါ်တွင်
လက်​ဖက်​ရည်​တစ်​အိုးနှင့်​ 
သောက်​လက်​စကြွေခွက်​တစ်​ခွက်​က​နေရာယူထားသည်​။ကြွေခွက်​နံ​ဘေး၌ အရိုးအဆစ်​ကြီး​သောလက်​တစ်​စုံကို
ငြိမ်​သက်​စွာချထားသည်​။
ထိုလက်​ပိုင်​ရှင်​သည်​ အနက်​​ရောင်
ဝတ်​ရုံကို ဆင်မြန်းထားကာ
ညိုညက်​​သောအ​သားအ​ရေနှင့်​အတူ
မျက်​နှာမှာ ​ယောက်ျားပီသစွာ
ချော​မော​ပေသည်​။

"ကွမ်​စန်း"

ခေါ်သံ​ကြောင့်​ ထိုသူမှာ
တိတ်​ဆိတ်​စွာ အ​တွေးဝင်​​နေရင်းက
ရုတ်​တရက်​ မတ်​တပ်​ထ၍
ပြန်​လည်​တုံ့ပြန်​လိုက်​သည်​။

"ယွင်​လျန်​..ပွဲပြီးသွားပြီ​ပေါ့"

"အင်း..မင်း​စောင့်​​နေရတာ
ကြာသွားလား..ကွမ်​စန်း"

ယွင်​လျန်​က ကွမ်​စန်းနှင့်​ မျက်​နှာ
ချင်းဆိုင်​တွင်​ ဝင်​ထိုင်​လိုက်​သည်​။

"မကြာ​ပါဘူး..ငါလည်း
ခုနက​မှ ဒီကိုရောက်တာ"

ယွင်​လျန်​က ​ခေါင်းတစ်​ချက်ညိတ်​ကာ
ခေါင်း​ဆောင်းကို ဖြုတ်​ပစ်​ပြီး
စားပွဲ​ပေါ်သို့တင်​ထားလိုက်​သည်​။

"အခုမှပဲ သက်​​တောင့်​သက်​သာ
ရှိသွားတယ်​..ကျီရှုန်​နဲ့
အစ်​ကို​တော်ဝူကျင်းတို့ ဒီ​ခေါင်း​ဆောင်း
ကို ဘယ်​လိုများ ဆက်​တိုက်​​ဆောင်း
ထားနိုင်​လဲ မသိဘူး..ချီးကျူးစရာပဲ"

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Where stories live. Discover now