Part-15

863 138 79
                                    

Both Zawgyi and Uni
{Zawgyi}

"အားယွဲ့ ..ဦးရီး​တော်​ဆီ လာပါဦး"

ကျီရှုန်​က အပြုံးချိုချိုဖြင့်​ ​ခေါ်​နေသည်​။
က​လေးငယ်​က
အနား​သို့​လျှောက်​လာကာ
ကျီရှုန့်​​ဘေးတွင်​ထိုင်​​နေ​သော
ယွင်​လျန့်ဆီသို့သာ မျက်​ဝန်း
တောက်​​တောက်​များဖြင့်​ ​မော်​​ကြည့်​​၍
လက်​က​လေးနှစ်​ဖက်​ ဆန့်​တန်းပြ၏။

ချစ်​စရာ​ကောင်း​လှ​သော တူ​တော်​​လေး
ကို ယွင်​လျန်​ ချီလိုက်​သည်​။ဘေးမှ
ကျီရှုန့်​မျက်​နှာက စူပုတ်​သွား၏။

"ကျီရှုန်​..မင်းက မိန်းက​လေး​တွေ
ဆီမှာတင်​ မစွံတာမဟုတ်​ဘူး၊
က​လေး​တွေ​တောင်​ မင်းကို
သ​ဘောမကျဘူးပဲ.."

"........."

အစ်​ကို​တော်​ဝူကျင်း၏သား
'ဝူယွဲ့ 'ကို သူတို့အကုန်​လုံး
သည်းသည်းလှုပ်​ချစ်​ကြ​သော်​လည်း
က​လေး မချစ်​တတ်​​သောလျိုမိန်​က
တော့ ​ဘေးမှာ ငြိမ်​ငြိမ်​​လေးထိုင်​ရင်း
အ​တွေးဝင်​​နေ၏။

သုံးနှစ်​တာအချိန်​ကာလ ကျော်​လွန်​ပြီး
နောက်​ လျိုမိန့်​ရင်​ထဲရှိ​နေသူကို
ယွင်လျန် တဖြည်းဖြည်း​​​​​သိလာခဲ့
သည်​။

ဒီနှစ်​​တွေအတွင်းမှာ ယွင်​လျန်
အမဲလိုက်​ထွက်​တိုင်း တစ်​စုံတစ်​ဦးနှင့်
အမှတ်​မထင်​ဖြစ်​​​စေ၊တစ်​ကြိမ်​​လောက်​ပဲ
ဖြစ်​ဖြစ်​ ​တွေ့ဆုံချင်​ခဲ့၏။
သို့​သော်​ အရိပ်​အ​ရောင်​ကိုပင်
မမြင်​ရခဲ့။

အ​ပြေးအလွှား​ရောက်​လာ​သော
ခြေသံက သူ့အ​တွေးကိုဖြတ်​​တောက်
လိုက်​သည်​။

"ညီ​တော်​တို့..ခမည်း​တော်​​လေ.."

အစ်​ကို​တော်​ဝူကျင်း၏
တိုးလျလျစကားက သူတို့ရင်​ကို
ထိတ်​ခနဲဖြစ်​သွား​စေသည်​။

"ခမည်း​တော်​ နတ်​ရွာစံသွားပြီ.."

*************************

"မင်းကြီးစီ နတ်​ရွာစံသွားပြီလို့
ကြားတယ်​၊ငါကိုယ်​​တော်​​တောင်
ဒီလိုသက်​​တော်​အိုမင်း​နေပြီပဲ..
ဇရာကို​တော့ ဘယ်​သူမှမလွန်​ဆန်
နိုင်​ဘူး.."

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin