Part-20

908 139 44
                                    

Both Zawgyi and Uni
{Zawgyi}

ယွင်​လျန်​ဆီက 'မုန်းတယ်​'လို့ကြားရ
တဲ့အချိန်​မှာ ဟိုင်​ရှန့်​စိတ်​တို့ခက်​ထန်
လာရသည်​။

"ငါက​တော့ ချစ်​တယ်​၊​နောက်​ပြီး
ငါ့အချစ်​က အတ္တ​တွေ စွန်းထင်း
နေတယ်​.."

မျက်​နှာနှစ်​ခု ပူးကပ်​သွားသည်​။
သူ့ရင်​ဘတ်​ကို အတင်းတွန်းထုတ်
နေတဲ့ ယွင်လျန့်​​လက်​​တွေကို
လျစ်​လျူရှုလိုက်သည်​။
ယွင်​လျန့်​ခါးကို ဆွဲဖက်​လိုက်​ကာ
ပါးပြင်​ကို လက်တစ်ဖက်ဖြင့်
အုပ်​ကိုင်​၍ နှုတ်​ခမ်းနှစ်​လွှာ၏
ထိ​တွေ့မှုကို နက်​ရှိုင်း​စေလိုက်​၏။

တွန်းကန်​​နေတဲ့ယွင်​လျန့်​လက်​​တွေ
ဟိုင်​ရှန့်​ဝ​​တ်​ရုံကို က​ယောင်​ကတမ်း
ဆုပ်​ကိုင်​မိသွား​စေသည်​အထိ။
ယွင်​လျန်​ အသက်​ရှူ ကြပ်​သွား
သည်​အထိ။
ဟိုင်​ရှန့်​ စိတ်​ကိုထိန်းချုပ်​မ​နေ​တော့ဘဲ ပြုမူမိသည်​။

နှုတ်​ခမ်းတို့ကို ပြန်​ခွာလိုက်​ချိန်
ယွင်​လျန့်​မျက်​နှာမှာ အနီ​ရောင်​​ပြောင်း
နေ​ပေပြီ။ယွင်​လျန့်​မျက်​ဝန်းမှာ
ဝမ်းနည်းရိပ်​​တွေကို ​တွေ့လိုက်​ရ
သလိုပဲ။ဒါ​ပေမဲ့ တသိမ့်​သိမ့်​ဖြစ်​​နေ
တဲ့ မျက်​​တောင်​တွေက မျက်​ဝန်းရဲ့
အဓိပ္ပါယ်​ကို သိုဝှက်​​လိုက်၏။

"ငါ့ကို မုန်းတယ်​လို့​ပြောဦးမှာလား?"

ယွင်​လျန်​က ​ခေါင်းမာလွန်းသည်​။
မျက်​နှာကို တစ်​ဖက်​သို့​စောင်းငဲ့ကာ
မောဟိုက်​​နေ​သောအသံဖြင့်​​ ဆို၏။

"​ပြောဦးမှာပဲ.."

စောင်းငဲ့ထား​သော​ကြောင့်​ ထင်း​နေ
သော ယွင်​လျန့်​လည်​တိုင်​ဆီသို့
ဟိုင်​ရှန့်​ ဦးတည်​လိုက်​ပြန်​၏။
ရုတ်​တရက်မို့ ယွင်​လျန်
သတိလက်​လွတ်​ဖြစ်​ကာ
ခပ်​တိုးတိုးညည်းမိသွားသည်​။

ရှက်​ရွံ့ မှု​၊​ဒေါသနှင့်​ ဝမ်းနည်းမှုတို့က
တလိမ့်​လိမ့်​တက်​လာ​သောလှိုင်းလုံး
များသဖွယ်​ ယွင်​လျန့်​စိတ်​ကို
နာကျင်​လာ​စေသည်​။
နောက်​ထပ်​ အသံမထွက်​လာ​စေရန်
အောက်​နှုတ်​ခမ်းကို ဖိကိုက်​ထား
လိုက်​ရ၏။

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Donde viven las historias. Descúbrelo ahora