Both Zawgyi and Uni
{Zawgyi}စာသင်ချိန်ကုန်ပြီဖြစ်တာကြောင့်
ကလေးများက သွက်လက်သော
ခြေလှမ်းတို့ဖြင့် အိမ်သို့
အသီးသီးပြန်ကြလေပြီ။
တချို့ကလေးတွေကတော့
အိပဲ့အိပဲ့၊လှုပ်စိလှုပ်စိနှင့်
မပြန်ဖြစ်ကြသေး။ယွင်လျန်
ပစ္စည်းများကို သိမ်းနေချိန်မှာပဲ
တပည့်လေးတစ်ယောက်က
လာပြောသည်။"ဆရာ..အရှေ့မှာ ဆရာ့ကို
အစ်ကိုကြီးတစ်ယောက်
စောင့်နေတယ်.."ယွင်လျန် အံ့သြသွားသည်။
ဟိုင်ရှန့်များလား?
တပည့်လေးရဲ့နောက်ဆက်တွဲစကား
က ယွင်လျန့်သံသယကို
အတည်ပြု ပေးလိုက်သည်။"နက်ပြာရောင်ဝတ်ရုံနဲ့၊
ခပ်ချောချောအစ်ကိုကြီး"ယွင်လျန် ပစ္စည်းများကို
မြန်မြန်သိမ်းဆည်းလိုက်ကာ
ထွက်လာခဲ့သည်။စာသင်ကျောင်းရှေ့နားက
သစ်ပင်ရဲ့ပင်စည်ကိုမှီလျက်
လူတစ်ယောက်ရှိနေသည်။
ထိုသူရဲ့နက်ပြာရောင်ဝတ်ရုံက
ပြောင်လက်ရှင်းသန့်နေ၏။
စူးစမ်းသလိုကြည့်နေသော
ကလေးငယ်များကို
ဟိုင်ရှန့် တစ်ချက်သာကြည့်
လိုက်သည်။မျက်ခုံးထူထူအောက်
မှ စူးရှတဲ့မျက်ဝန်းတွေက
ယွင်လျန်ကိုမြင်ချိန်မှာတော့
ပို၍တောက်ပသွားသည်။"ယွင်လျန်.."
"ဟိုင်ရှန့်.."
သူတို့နှစ်ဦး ဘေးချင်းယှဉ်လျှောက်
လာကြသည်။ခြေချလိုက်တိုင်း
နင်းမိတဲ့ သစ်ရွက်ခြောက်တွေက
တချွတ်ချွတ်မြည်သံထွက်ပေါ်
စေသည်။လေတိုးသံသဲ့သဲ့ကိုပါ
ကြားနေရသော လမ်းကလေးက
တိတ်ဆိတ်ငြိမ်းချမ်းလှသည်။"ဟိုင်ရှန့်..ဘာလို့စောင့်နေတာလဲ..
ဒီလမ်းက ငါပြန်နေကြပါ""အင်း..ဒီအတိုင်းပဲ လာကြိုချင်လို့"
ဟိုင်ရှန့်က ယွင်လျန့်လက်ကို
လာရောက်ဆုပ်ကိုင်သည်။
ယွင်လျန် ဘေးဘီဝဲယာကို
ကြည့်လိုက်မိသည်။သူ့တပည့်
လေးတွေ မတော်တဆမြင်သွား
မှာကို စိုးရိမ်ရသည်။
أنت تقرأ
ဆုံချက်မဲ့ချစ်ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]