First Extra

1.2K 147 76
                                    

Both Zawgyi and Uni
{Zawgyi}

"ငါ ဒီသုံးနှစ်​အတွင်းမှာ ချန်​နိုင်​ငံရဲ့
အ​ခြေအ​နေကို ငါလိုချင်​တဲ့
အ​နေအထားထိ​ ရောက်​​အောင်
အတတ်​နိုင်​ဆုံး ကြိုးစားခဲ့တယ်​.."

လာဘ်​စားတဲ့အမတ်​​တွေ၊
အာဏာကိုအလွဲသုံးစား​လုပ်​​နေတဲ့
အမတ်​​တွေကို ဟိုင်​ရှန့်​ ဖယ်​ထုတ်​ခဲ့
သည်​။အိမ်​​ရှေ့စံရှီထျန်းကို သစ္စာ
ဖောက်​ပြီး နန်းတက်​တဲ့ဘုရင်​ ဟူ၍
ဟိုင်​ရှန့်​ကို ထိုအမတ်​​တွေက
နောက်​ကွယ်​မှာ ​ဝေဖန်​ပုတ်​ခတ်​ခဲ့ကြ
သည်​။

ဒါ​ပေမဲ့ တိုင်းသူပြည်​သား​တွေ၊
တပ်​သား​တွေက​တော့ ချန်​ဘုရင်
ဟိုင်​ရှန့်​ကို ​လေးစားခဲ့ကြသည်​။
ဘာ​ကြောင့်​လဲဆို​တော့ ဟိုင်​ရှန့်
လက်​ထက်​မှာ စစ်​တပ်​အင်​အားကို
တိုးချဲ့ နိုင်​ခဲ့သည့်​အပြင်​ ချန်​နိုင်​ငံရဲ့
လူ​နေမှုစနစ်​ကို ဘက်​ညီ​အောင်
ထိန်း​ပေးနိုင်​ခဲ့တာ​ကြောင့်​။

သုံးနှစ်​အကြာမှာ ချန်​နိုင်​ငံရဲ့
အ​ခြေအ​နေက အဆင်​​ပြေ​နေပြီမို့
ဟိုင်​ရှန့်​ သူ့ညီဝမ်းကွဲကို နန်းလွှဲကာ
ဖူနိုင်​ငံသို့လာခဲ့ခြင်းဖြစ်​သည်​။
ရွှယ်​လင်းကလည်း ဟိုင်​ရှန့်​နှင့်​အတူ
လိုက်​ပါခဲ့​လေသည်​။

"ဟိုင်​ရှန့်​..ငါ တစ်​ခု​လောက်
မေးချင်​တယ်​၊ဟွားလီ​ရော
ချန်​နိုင်​ငံမှာပဲ ကျန်​ခဲ့တာလား?"

တသုန်​သုန်​တိုက်​ခတ်​​နေ​သော
ည​လေ​အေးက ခြံထဲရှိခုံတန်းပေါ်မှာ
ထိုင်​​နေတဲ့ သူတို့နှစ်​ဦးကို 
အေးချမ်း​သောခံစားချက်
ပေးစွမ်း​နေသည်​။အိမ်​ထဲမှာရှိ​နေတဲ့
ရွှယ်​လင်း၊ကွမ်​စန်းနှင့်​ တပ်​မှူးတို့၏
စကား​ပြောသံများကို တစ်​ချက်​တစ်​ချက်
ကြား​နေရသည်​။

"အင်း..ဟုတ်​တယ်​"

ဟိုင်​ရှန့်​က ​ဖြေပြီး​နောက်​ ယွင်​လျန်​ကို
နက်​နက်​နဲနဲကြည့်​လာသည်​။

"ယွင်​လျန်..ငါ မင်းကို အရမ်း
လွမ်း​နေခဲ့တာ.."

တိုး​ဖျော့​သောအသံနှင့်​စူးရှ​သော
အကြည့်​​တွေ​ကြောင့်​ ရင်​ထဲ
လှုပ်​လှုပ်​ခတ်​ခတ်​ဖြစ်​သွား​ပေမဲ့
ယွင်လျန်..ဟိုင်​ရှန့်​ကို အကြည့်​မလွှဲမိ။

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Where stories live. Discover now