Both Zawgyi and Uni
{Zawgyi}ယွင်လျန် နှစ်သက်သောဝါသနာ
တစ်ခုမှာ အမဲလိုက်ထွက်ခြင်းဖြစ်သည်။မကြာခဏဆိုသလို အမဲလိုက်ထွက်
နေတတ်သဖြင့် အရေးကြီးပွဲများမှလွဲ၍
ပုံမှန်နန်းတွင်းညီလာခံတို့ကို အမြဲတမ်း
တက်ရောက်လေ့မရှိပေ။
မင်းကြီးစီက ထိုကိစ္စနဲ့ပတ်သက်ပြီး
အမြင်သိပ်မကြည်ပေမဲ့ မင်းသား
ယွင်လျန်မှာ အရည်အချင်းရှိသူဖြစ်
သဖြင့် ဘေးမဲ့ပေးထားပေသည်။သို့သော် အသည်းအသန်ကြိုးစား၍
အလွန်အကျွံရိုကျိုးသော မင်းသား
ကျီရှုန်နှင့်ယှဉ်လျှင်မူ ယွင်လျန်ရဲ့
နေရာမှာ တဖြည်းဖြည်းနောက်ကောက်ကျသွားတတ်လေသည်။
ယွင်လျန်အတွက်တော့
ထိုအရာတို့က အရေးမကြီးပါချေ။လွန်ခဲ့သော သုံးပတ်ခန့်ကလည်း
ယွင်လျန် ကွမ်စန်းကိုခေါ်၍
အမဲလိုက်ဖြစ်ခဲ့ကြသည်။ထိုနေ့က ကောင်းကင်ပြင်တွင်
ရောင်ခြည်တစ်ထောင်
အလင်းဆောင်သောနေမင်းက
ထွန်းလင်းတောက်ပနေသည်။
နေခြည်အလင်းတန်းများက
စိမ်းစိုသောတောအုပ်အပေါ်
ဖြန့်ကျက်လွှမ်းမိုးလျက် မြအသွေးတွင်
ရွှေရောင်စွက်စေ၏။တောအုပ်သည်
စီနိုင်ငံနှင့်ချန်နိုင်ငံအကြားတွင်
တည်ရှိသဖြင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့
ကူးသန်းသွားလာတိုင်း ထိုတောအုပ်ကို
ဖြတ်သွားရပေသည်။ရေစီးသံသဲ့သဲ့ကြားနေရသော
စမ်းချောင်းငယ်တစ်ခုက
တောအုပ်အလယ်တစ်နေရာတွင် နေရာယူစီးဆင်းနေသည်။
ထိုစဉ် မြင်းခွာသံက
စမ်းချောင်းအနားရှိလေထုသို့
တဖြည်းဖြည်း ရိုက်ခတ်လာသည်။
ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာသော
မြင်းနှစ်ကောင်နှင့် လူရိပ်နှစ်ရိပ်။"ယွင်လျန်..တောလယ်ရောက်နေပြီ၊
ရှေ့ဆက်သွားဖို့မသင့်တော့ဘူး.."သာမန်အရပ်သားဝတ်စုံကို
ဝတ်ထားသော ကွမ်စန်းက
ဘေးဘီဝဲယာကိုအကဲခတ်ကြည့်ရှုရင်း ပြောလာသည်ကို ယွင်လျန်
ခပ်အေးအေးသာ တုံ့ပြန်မိသည်။
ESTÁS LEYENDO
ဆုံချက်မဲ့ချစ်ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]