~Unicode~
မိုးစက်တွေကမြေပြင်ဆီကိုတစ်စက်ပြီးတစ်စက်ကျဆင်းလာတယ်။ မိုးရွာလာပြီ။ ခဏတွင်းမှာပါပဲ.၊ မိုးကသည်းထန်လာတယ်။ အရှိန်ပြင်းပြင်းနဲ့ကျဆင်းလာတဲ့မိုးရေစက်တွေက ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေတဲ့ ရိပေါ်ရဲ့ဖိနပ်ထိပ်တွေကနေ၊ ခန္ဓာကိုယ်အရှေ့ပိုင်းတွေအထိလာစင်တယ်။
မုန်းဖို့ကောင်းလိုက်တာ။ တကယ်..ဒီလိုမျိုးတွေကြောင့် ရိပေါ်မိုးရွာတဲ့နေ့တွေဆိုသိပ်မုန်းတာ။ တစ်ချောင်းထဲရှိတဲ့ထီးကိုဖျောက်ပစ်လိုက်တဲ့သူငယ်ချင်းကောင် ရွှယ်ယမ်ကြောင့်သာမဟုတ်ရင် ရိပေါ်ဒီဘတ်စ်ကားမှတ်တိုင်မှာသောင်တင်နေစရာအကြောင်းမရှိ။
အခုတော့ မိုးမရွာလောက်ပါဘူးဆိုပြီး လမ်းထိပ်က မီနီ မာကတ်လေးကိုထွက်လာရာကနေ၊ မိုးမိပြီး ဘတ်စ်ကား မှတ်တိုင်မှာငုတ်တုတ်လာထိုင်နေရတယ်။"ဟင်း.."
ရိပေါ်စိတ်ပျက်လက်ပျက်နဲ့သက်ပြင်းတစ်ချက်ချမိတယ်။ မိုးကတော့တော်တော်နဲ့ရပ်မယ့်ပုံမပေါ်ဘူး။ အနည်းဆုံးတော့ တစ်နာရီလောက်သူသောင်တင်နေဦးမှာပဲ။
"ဟင်း..."
ရိပေါ်နောက်တစ်ခါသက်ပြင်းချမိသွားတယ်။
"ဟေ့...ချာတိတ်...အလျင်လိုနေရင်ကိုယ့်ထီးယူမလား..."
ခပ်အေးအေးအသံက ရိပေါ်ရဲ့ဘေးနားကထွက်ပေါ်လာတယ်။ ရိပေါ်လှည့်ကြည့်လိုက်တော့ ရိပေါ်ကို တောက်ပတဲ့အပြုံးတွေနဲ့ပြုံးပြလာတဲ့ကုတ်အင်္ကျီအရှည်နဲ့ လူတစ်ယောက် ။ လက်ထဲကထီးကိုလည်း ရိပေါ်ဆီထိုးပေးရင်းနဲ့။ ဒီလူရှိနေတာ ရိပေါ် သတိမထားမိခဲ့ဘူး။ စစချင်း ဒီမှာလာထိုင်တုန်းက ရိပေါ်တစ်ယောက်တည်း။ ထီးကိုကမ်းပေးနေတတဲ့ဒီလူကကြည့်ရတာရိပေါ်ရဲ့ သက်ပြင်းချသံတွေကိုကြားသွားတယ်ထင်တယ်။
"ရပါတယ်...မယူပါဘူး .."
ရိပေါ် အသာငြင်းလိုက်တယ်။ ဒီလိုမျိုးတခြားသူဆီကအကူညီယူရတာ ရိပေါ်ပုံစံမဟုတ်ဘူး။ ပြောရရင် ရိပေါ်ကမာနကြီးတဲ့လူ။ သူငယ်ချင်းအချင်းချင်းတောင်မှ သူ့ဘက်ကအကူညီယူတယ်ဆိုတာရှားတယ်။ ပြောရရင်သီးသန့် ဆန်တယ်။
YOU ARE READING
မိုး
Fanfiction❗BJYX Fanfiction❗ (Zawgyi and Unicode) ခင်ဗျားကမိုးပြေးလိုလူသား....။