~Unicode~
"ကျွန်တော်တို့ ကလေးကိုသေချာဂရုမစိုက်လိုက်မိဘူး တောင်းပန်ပါတယ်"
မနေ့ကကျောင်းကိုရောက်မလာတာကြောင့်ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမတစ်ယောက်ကဒီနေ့မှာအိမ်ကိုရောက်ချလာတယ်။မိုးမိထားတဲ့အရှိန်ကြောင့် ကိုယ်ပူချင်နေတဲ့ရှောင်ကျန့်ဟာ ကျောင်းမသွားဖြစ်ဘူး။အခန်းထဲမှာပဲတစ်နေ့ကုန်တစ်နေ့ခမ်းပျင်းစရာကောင်းအောင်အိပ်တယ်။ပြီးရင်မားမားလာပို့ပေးတဲ့ဆန်ပြုတ်တွေထိုင်စားတယ်။အခုကျောင်းအုပ်ကြီးတို့ရောက်လာခါမှ ဧည့်ခန်းဆီငုတ်တုတ်လာထိုင်နေတာ...။
"ရပါတယ်...ကျောင်းအုပ်ကြီးတို့အမှားမှမဟုတ်တာ...အခုအာကျန့်လည်းအဆင်ပြေနေပါပြီ"
လက်ဖက်ရည်ပန်းကန်ကိုချပေးရင်ခပ်ပြုံးပြုံးနဲ့စကားဆိုလိုက်တဲ့မားမားက ရှောင်ကျန့်ကိုတော့ မျက်စောင်းတွေလှမ်းထိုးတယ်။ ဘယ့်နှယ့် ကျောင်းကိုရောက်မလာဘူးဆိုလို့ သူမတို့ကတော့စိတ်တွေပူပြီလိုက်ရှာလိုက်ရတာ။ဒင်းလေးကတော့ ထီးတစ်ချောင်းကိုင်ရင်း မိုးရေထဲပြုံးစိပြုံးစိနဲ့ထိုင်နေတာများ...။ ဘာတွေကိုများဒီလောက်ထိသဘောကျနေခဲ့တာလဲ သိချင်းစမ်းပါဘိ။
မားမားရဲ့အကြည့်ကိုသိလိုက်တဲ့ရှောင်ကျန့်ကတော့ အသာလေးရယ်ပြလိုက်တယ်။
သောက်ကလေးလေး...။
"ဟုတ်ကဲ့...နားလည်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ ဒါကဆရာမကျန်းပါ... ရှောင်ကျန့်ရဲ့အတန်းပိုင်ဆရာမပါ.."
"အာ...ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"
ဒီလိုနဲ့ မားမားနဲ့ ကျောင်းအုပ်ကြီးကိုအုပ်စုဟာ စကားလက်ဆုံကျစပြုလာတယ်။ရှောင်ကျန့်ပေါက်စအဖို့ကတော့ မားမားတို့လူကြီးတွေပြောနေတာတွေကိုများများစားစားနားမလည်နိုင်။စကားဝိုင်းမှာဆက်ထိုင်နေဖို့အတွက်ဟာလည်းပျင်းရိစရာသိပ်ကောင်းလွန်းနေတယ်။
"မား သားအခန်းထဲသွားနေတော့မယ်..."
စကားဆက်မပြတ်နိုင်တဲ့မားမားက ရှောင်ကျန့်ကိုခေါင်းတစ်ချက်ပဲငြိမ့်ပြလာတယ်။ငိုက်မြည်းလာတဲ့ရှောင်ကျန့်ကအထွေထူးတော့ဂရုစိုက်မနေတော့ဘူး။ တစ်ချက်သန်းဝေရင်းအခန်းဆီပြန်ရောက်သွားတယ်။သူ့ဦးနှောက်ကပြောနေပြီ'တစ်ရေးလောက်ထပ်အိပ်သင့်တယ်'တဲ့...။
