~Unicode~
လမ်းလေးကတိတ်ဆိတ်တယ်။သစ်ပင်တွေကလည်းအုပ်ဆိုင်းတယ်။ကားလေးကလည်းတရွေ့ရွေ့။ကားလေးထဲမှာရှိနေတာ မိသားစုသုံးယောက်။ ရှောင်ကျန့်ရယ်၊ပါးပါးရယ်၊မားမားရယ်...။ပါးပါးအလုပ်ကဘာအလုပ်မှန်းမသိပေမယ့် ရှောင်ကျန့်သိတတ်စအရွယ်တည်းကမြို့နှစ်မြို့ပြောင်းနေခဲ့ပြီးပြီ။အခုလည်းပါးပါးကကားမောင်းတယ်။မားမားကအိပ်ပျော်နေတယ်။ပါးပါးဘေးကခုံမှာထိုင်ရင်း
ပတ်ဝန်းကျင်ရှုခင်းကို မျက်တောင်မခပ်တန်းလိုက်ကြည့်နေမိတဲ့ ရှောင်ကျန့်မှာတဝိုးဝိုးနဲ့ပါးစပ်အဟောင်းသား။ဆယ်ဂဏန်းသာသာရှိတဲ့အသက်နဲ့ငယ်ရွယ်တဲ့ရှောင်ကျန့်လေးက ဒီလိုမျိုးသဘာဝဆန်လွန်းနေရာတွေကိုမရောက်ဖူးခဲ့ဘူး။မြင်သမျှတွေ့သမျှဟာရှောင်ကျန့်အဖို့အထူးဆန်းတွေ..။"ပါးပါး...အဲ့တာဘာအပင်လဲ"
"ထင်းရှူးပင်"
"အဲ့သစ်ကိုင်းပေါ်ကငှက်ကလေးကရောဟင်"
"အာ့တော့ပါးပါးလည်းသေချာမသိဘူး"
"ပါးပါး..ဒီနေရာမှာကျားကြီးတွေရောရှိနိုင်လား"
"မရှိပါဘူး အာကျန့်ရဲ့ ကျားကြီးတွေကဟိုးတောနက်ထဲမှာနေတာ"
ရှောင်ကျန့်ကမေးလိုက်၊ပါးပါးကဖြေလိုက်နဲ့။
ကားပေါ်မှာထိုင်နေရပေမယ့်လည်း ပျော်စရာကောင်းတယ်။အပြင်ဘက်ကိုငေးကြည့်ရင်းစိတ်တွေလည်းလန်းဆန်းလာတယ်။"အာကျန့်...ဒီနေရာကိုကြိုက်လား..."
"ကြိုက်တယ်...ဒီနေရာကလေအရမ်းလှတာပဲ ပါးပါး"
ကားမောင်းနေတဲ့ပါးပါးက ရှောင်ကျန့်ဘက်ကိုတစ်ချက်စောင်းငှဲ့ကြည့်ပြီးမေးလာတော့ ရှောင်ကျန့်ကခေါင်းကိုခပ်ဆက်ဆက်၊ ခပ်သွက်သွက်ငြိမ့်ပြရင်းဖြေပစ်လိုက်တာပဲ။ ရှောင်ကျန့်ရဲ့သွက်လက်တက်ကြွနေတဲ့အမူရာကိုကြည့်ပြီး ပါးပါးကသဘောကျနေတဲ့အမူရာနဲ့ရှောင်ကျန့်ခေါင်းကိုခပ်ဖွဖွပုတ်ပေးတယ်။
"ဟိုရောက်ရင်ပိုတောင်ကြိုက်သွားမယ်..."
"ဟုတ်..!"
