~Unicode~
"တစ်ပတ်အတွင်းရရှိထားတဲ့ သတင်းများအရ..ပင်လယ်အော်ဘက်တွင် မုန်တိုင်းရှိဆဲဖြစ်တာမို့ ပေကျင်းမြို့နဲ့အနီးတစ်ဝိုက်ဒေသတွေမှာနောက်ရက်အနည်းအထိမိုးပြင်းထန်စွာဆက်လက်ရွာသွန်းနိုင်ချေရှိပါတယ်ခင်ဗျာ...အဲ့တာကြောင့်မို့ ပေကျင်းမြို့သူမြို့သားများအနေနဲ့ ...အပြင်ထွက်တဲ့အခါထီးယူသွားဖို့မမေ့ကြပါနဲ့ ခင်ဗျာ..."
တီဗွီထိုင်ကြည့်နေတုန်းမှာ ကြားဖြတ်ထိုးလိုက်တဲ့ မိုးလေဝသ သတင်းက ရိပေါ်အတွက်သိပ်စိတ်ညစ်စရာကောင်းတယ်။ ဒီလိုပုံစံအတိုင်းသာဆို ထီးမရှိတဲ့သူ့အဖို့ ထီးပြေးဝယ်ရတော့မှာပဲ။ ရွှယ်ယမ်ဆီကထီးကိုပြန်ရဖို့ မျှော်လင့်မနေတော့ဘူး။
"ဟင်း.."
အိမ်လေးထဲမှာရိပေါ်ရဲ့သက်ပြင်းချသံသဲ့သဲ့ကထွက်လာပြန်တယ်။ ရိပေါ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်းမို့ အသံကပဲ့ထင်ထက်သွားသလိုတောင်ခံစားနေရတယ်။ သူကလည်းဒီရက်ပိုင်းသက်ပြင်းတွေချည်းလှိမ့်ချနေမိတော့တာပဲ။
စိတ်ပျက်လက်ပျက်နဲ့ ရိပေါ်ပြတင်းပေါက်ကိုငေးကြည့်လိုက်တယ်။ အခုတောင်မိုးခပ်ဖွဲဖွဲလေးတွေကျနေတုန်းပဲ။ မိုးစက်တွေကိုမြင်တဲ့ အခါ ဟိုတစ်ရက်ကလူကိုသတိရမိတယ်။ ရိပေါ်နှုတ်ခမ်းမှာအပြုံးတစ်ချို့ပေါ်လာတယ်။
ရိပေါ် ချက်ချင်းပဲတီဗွီကိုပိတ်ပစ်လိုက်ကာ အခန်းထဲဝင်သွားတော့တယ်။ ပြီးတော့ hoodieတစ်ထည်ကိုစွပ်ချလာပြီး အိမ်ထဲကနေထွက်လာခဲ့တယ်။ သူထီးဝယ်ရဦးမယ်လေ။ ညစာရောပဲ။..........
စိုစွတ်နေတဲ့ ရာသီဥတုအခြေနေမှာ အပြင်ထွက်သူသိပ်ရှားတယ်။ ရိပေါ်ကိုယ်တိုင်လည်း ဒီရာသီဥတုမျိုးမှာအပြင်ထွက်ရတာထက်၊ အိမ်ထဲခွေနေရတာပဲပိုကြိုက်တယ်။ အိပ်ရာထဲနေရင်းဂိမ်းဆော့ပစ်တာမျိုးတွေဖြစ်ဖြစ်၊ Actionကားတစ်ကားကိုထိုင်ကြည့်နေတာပဲဖြစ်ဖြစ် လုပ်ပစ်လိုက်ချင်တယ်။ အခုတော့လည်းအခြေနေအရ၊ အိမ်ပြင်ရောက်လာခဲ့ရတော့တာပဲ။
ဒီတစ်ခါလည်း ရိပေါ်စားသောက်ဆိုင်တွေပါရှိတဲ့ လမ်းမတစ်ဖက်ခြမ်းက စူပါမားကတ်ဘက်ရောက်လာတယ်။ စူပါမားကတ်ထဲမှာလည်းလူတော်တော်လေးရှင်းနေတယ်။ ခပ်အေးအေးသီချင်းသံလေးကလည်းတိုးတိုးလေးလွင့်ပျံ့နေတယ်။ ရိပေါ် ချိတ်ထားထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး ကောင်တာဘက်ကိုပဲလာခဲ့လိုက်တယ်။

YOU ARE READING
မိုး
Fanfiction❗BJYX Fanfiction❗ (Zawgyi and Unicode) ခင်ဗျားကမိုးပြေးလိုလူသား....။