~Unicode~
~တီတောင်~
ကွန်ဒိုတိုက်ခန်း..၊တတိယမြောက်အထပ်..၊အခန်းနံပါတ် 031ရဲ့ လူခေါ်ဘဲလ်ကိုရိပေါ်စိတ်လှုပ်ရှားစွာဖိနှိပ်လိုက်တယ်။ပုံမှန်ဆို စနေနေ့တွေကိုအိမ်မှာပဲ ကုန်ဆုံးဖြစ်တယ်။ ဒါပေမယ့် ဒီစနေနေ့ညနေခင်းကတော့ထူးခြားတယ်။ ဘာလို့လဲဆိုတော့ရှောင်ကျန့်နဲ့သူနဲ့ညနေစာအတူစားဖို့ချိန်းထားတယ်လေ။ အခုကတော့တိုက်ခန်းတံခါးရှေ့မှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့စောင့်ဆိုင်းရင်း ရှောင်ကျန့်တံခါးလာအဖွင့်ကိုမျှော်လင့်နေရတယ်။
~ဂျောက်~
မကြာပါ။ဂျောက်ခနဲအသံနဲ့အတူ တံခါးကပွင့်လာတယ်။တံခါးလာဖွင့်သူကတော့ ရိပေါ်မျှော်လင့်နေခဲ့တဲ့ ရှောင်ကျန့်ပါပဲ။ရှောင်ကျန့်ရဲ့စတိုင်လ်ကခါတိုင်းလို သေသေသပ်သပ် လူကြီးပုံစံမျိုးမဟုတ်ဘဲ ခပ်ပွပွ တီရှပ်တစ်ထည်နဲ့ ပေါ့ပါးလွတ်လပ်နေတယ်။ဂျယ်လ်မလိမ်းထားတဲ့ ဆံပင်ခပ်ပွပွကလည်းရှောင်ကျန့်ကို တစ်မျိုးလေးဆွဲဆောင်မှုရှိစေတယ်။ရှောင်ကျန့်က တံခါးရှေ့မှာရပ်နေတဲ့ ရိပေါ်ကိုတွေ့တော့ ဝမ်းသာအားရနဲ့ကိုဆီးကြိုတယ်။
"အာ..ရိပေါ်လာပြီပဲ..လာ..လာ အိမ်ထဲဝင်"
"အင်း..."
ရှောင်ကျန့်ရဲ့ဦးဆောင်မှုနောက်မှာ အင်တင်တင်ပုံဖမ်းရင်းနဲ့ပဲ အထဲထိရိပေါ်ရောက်လာခဲ့တယ်။ ရှောင်ကျန့်ရဲ့ တိုက်ခန်းက သိပ်ကရိုးရှင်းတာပဲ။ တိုက်ခန်းတစ်လုံးက အဖြူရောင်သုတ်ဆေးတစ်မျိုးနဲ့ပဲ တန်ဆာဆင်ထားတယ်။ နံရံတွေမှာ နာရီတစ်လုံးကလွဲပြီးဘာမှချိတ်ဆွဲထားမှုမရှိ ဗလာသက်သက်ပဲ။သူရောက်နေတဲ့ဧည့်ခန်းမှာဆိုလည်း တီဗွီတစ်လုံးနဲ့ ဆိုဖာတစ်လုံးထဲ။ ယုတ်စွအဆုံး စားပွဲခုံလေးတစ်ခုံတောင်ရှိမနေဘူး။ ရှောင်ကျန့်တိုက်ခန်းကိုအနေထားကို ကြည့်နေရာကနေ ဗလာဖြစ်နေတာချင်းတူတဲ့ သူ့တိုက်ခန်းကိုလည်းမြင်ယောင်လာမိတယ်။စိတ်မကောင်းစရာက ရှောင်ကျန့်ကသူ့ထက်အများကြီးပိုပြီးသန့်ရှင်းသပ်ရပ်တယ်။
"ရိပေါ် လာလေ...ထိုင်ဦး.."
"အင်း.."
တစ်ခုတည်းသော ဆိုဖာပေါ်မှာရိပေါ်ထိုင်ချလိုက်တယ်။ရှောင်ကျန့်က မီးဖိုခန်းဘက်ဝင်သွားပြီးတော့ လိမ္မော်ရည်တစ်ခွက်နဲ့အနားရောက်လာတယ်။ပြီးတော့ လိမ္မော်ရည်ခွက်ကိုသူ့ဆီကမ်းပေးပြီးပြောတယ်။
