~Unicode~
ဒီရက်ပိုင်း ရိပေါ်တစ်ယောက် စာကြည့်တိုက်ဘက်ကိုခဏခဏရောက်ဖြစ်တယ်။ စာကြည့်ဖို့စာကြည့်ဖို့တော့မဟုတ်။ အိပ်ဖို့...။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်က ရိပေါ်ကိုအိပ်ဖို့ဆွဲဆောင်နေတယ်။ တခြားအကြောင်းပြချက်ကိုတော့ ရိပေါ်လည်း ရှာကြံပြီးတွေးမနေတော့ဘူး။
ဒီနေ့လည်း ခါတိုင်းထိုင်နေကြနေရာလေးကို သွားလိုက်တယ်။ ကံဆိုးသွားတာက ထိုနေရာလေးမှာ နေရာဦးထားတဲ့သူရှိနေတာပဲ။ ရိပေါ်စိတ်ပျက်လက်ပျက်ဖြစ်သွားရတယ်။ စာကြည့်တိုက်ထဲကိုဝေ့ဝဲကြည့်မိတဲ့အခါ ထိုင်ခုံတွေကလူအပြည့်။ ဘာလို့ ဒီနေ့မှလူများနေရတာလဲ။ လွတ်နေတဲ့ တစ်ခုတည်းသောနေရာက စာကြည့်တိုက်မှူးဖြစ်တဲ့ ရှောင်ကျန့်ရဲ့ စားပွဲအရှေ့တည့်တည့်ကခုံ...။
ကံတရားကတွန်းပို့နေတဲ့အတိုင်းပဲ...။အခုမှတော့မထူးတော့ ...။ ရောက်လာမှတော့ လွတ်နေတဲ့ နေရာမှာပဲဝင်ထိုင်ရတော့မှာပဲ။
ရိပေါ် ရှောင်ကျန့်အရှေ့တည့်တည့်မလှမ်းမကမ်းကလွတ်နေတဲ့ခုံအလွတ်မှာဝင်ထိုင်လိုက်ပေမယ့် စာအုပ်ပုံတွေကြားအလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ကသတိထားမိပုံမပေါ်။ အကွာဝေးက သိပ်မဝေးတာမို့ ရှောင်ကျန့်ရဲ့ လှုပ်ရှားသမျှ အမူရာတွေအကုန်လုံးကိုလှမ်းမြင်နေရတယ်။ရှောင်ကျန့် ရဲ့နဖူးထက်မှာနေရာယူထားသည့် မျက်ခုံးတန်းတန်းတို့ကအနည်းငယ်တွန့်ချိုးနေတယ်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းအောက်မှာမဲ့လေးကလည်း ခပ်ထင်းထင်း။ ရှည်သွယ်တဲ့လက်တွေကလည်းဘောလ်ပင်ကိုတစ်ချောင်းကိုကိုင်ကာ တလှုပ်လှုပ်နဲ့ဘာတွေရေးနေလဲမသိ။ ဒီလိုမျိုးကြည့်နေမိရာကနေ ရှောင်ကျန့်ရဲ့ နားရွက်ဖျားတွေကဖြည်းဖြည်းချင်းရဲတက်လာတာကို တွေ့လိုက်ရတယ်။ ပြီးလည်းပြီးရော ရှောင်ကျန့်တစ်ယောက် လုပ်လက်စအလုပ်တွေကိုရပ်ပစ်လိုက်ကာ..ကောက်ခါငင်ခါကြီးနေရာကထထွက်သွားတော့တယ်။
ရုတ်တရက်ကြီးဘာထဖြစ်....။
သူရှောင်ကျန့်ကိုနားမလည်တော့ဘူး...။
…........
အိပ်ချင်စိတ်ပျောက်သွားတဲ့ ရိပေါ်တစ်ယောက် အနီးနာကစင်ပေါ်က သူစိတ်ဝင်စားလောက်မယ်ထင်တဲ့စာအုပ်တစ်အုပ်ကိုယူကာ ထိုင်ဖတ်နေလိုက်တော့တယ်။ ရှောင်ကျန့်ကတော့ ဘယ်ရောက်သွားလဲမသိ။

KAMU SEDANG MEMBACA
မိုး
Fiksi Penggemar❗BJYX Fanfiction❗ (Zawgyi and Unicode) ခင်ဗျားကမိုးပြေးလိုလူသား....။