~Unicode~
မနေ့ည...။
ရှောင်ကျန့်ရဲ့တိုက်ခန်းကရိပေါ်နဲ့မနီးမဝေး။ ထီးမပါတဲ့ ရှောင်ကျန့်ကို တိုက်ခန်းအောက်ထိရိပေါ်လိုက်ပို့ဖြစ်ခဲ့တယ်။
"ရိပေါ်...ဒီပုံစံအတိုင်းအိမ်ပြန်ဖို့အဆင်ပြေရဲ့လား...ကိုယ့်အိမ်မှာအင်္ကျီဝင်လဲမလား..."
စိုရွှဲနေတဲ့ရိပေါ်ကို စိုးရိမ်သလိုကြည့်ရင်းရှောင်ကျန့်မေးတယ်။ ရှောင်ကျန့်ကသာသိပ်မစိုတာရိပေါ်တစ်ယောက်ကတော်တော်လေးစိုရွှဲနေခဲ့တယ်။
"ရတယ်...အိမ်ကသိပ်မဝေးဘူး ခင်ဗျားသာဂရုစိုက်"
ခပ်ပြတ်ပြတ်ပြောပြီးရိပေါ်လှည့်ထွက်လာခဲ့တယ်။သူစကားတွေဆက်ရှည်နေရင်ရှောင်ကျန့်အိမ်ပေါ်ထိရောက်သွားမှာစိုးရတယ်။ လက်တွေ့ Projectအတွက်ပြင်ဆင်နေရတာကြောင့်ရှောင်ကျန့်ဆီမရောက်ဖြစ်ခဲ့တဲ့နှစ်ပတ်မှာတည်းက သူ့စိတ်တွေပိုပိုပြီးမူမှန်ဖြစ်ချင်နေခဲ့တယ်။
"ရိပေါ်...သဘက်ခါပိတ်ရက်ကျရင်ကိုယ့်ဆီလာလည်ပါလား?! ကိုယ်မုန့်တစ်ခုခုလုပ်ကျွေးမယ်လေ..?!"
ရိပေါ် ခြေလှမ်း၂၀ကျော်လောက်အရောက်မှာ ရှောင်ကျန့်ဆီကလှမ်းအော်ပြောသံကြောင့်ခြေလှမ်းတွေရပ်တန့်ရတယ်။ မိုးသံကြောင့် ရှောင်ကျန့်အော်သံက ကြားရတစ်ချက်၊ မကြားရတစ်ချက်။ ဒါပေမယ့် ဘာကိုဆိုလိုတယ်ဆိုတာတော့သူသိလိုက်ပါတယ်။ သူခေါင်းကိုခပ်ဖြည်းဖြည်းတစ်ချက်ငြိမ့်ချလိုက်တယ်။ဒီရက်ပိုင်း သူ့စတိုင်မဟုတ်တာတွေကိုလုပ်ကြည့်ချင်စိတ်ပေါက်နေတယ်။ပြီးတော့မှ ခြေလှမ်းတွေကိုပြန်အသက်သွင်းပြီး သူတိုက်ခန်းရှိရာဘက်ကိုထွက်လာခဲ့တော့တယ်။
ကျန်နေခဲ့တဲ့ရှောင်ကျန့်တစ်ယောက်သူခေါင်းငြိမ့်ပြတာမြင်မှမြင်ခဲ့ရဲ့လား...။
.
.
.
ရိပေါ်ရဲ့မနက်ခင်းအစကညကအကြောင်းတွေစဉ်းစားရင်းစတင်တယ်။ မျက်နှာသစ်နေရင်းကနေ မှန်ကိုတစ်ချက်ကြည့်မိတော့ ခါတိုင်းနဲ့မတူတဲ့ခပ်ပြုံးပြုံးဖြစ်ချင်နေတဲ့ သူ့မျက်နှာကိုမြင်လိုက်တော့ လန့်သွားမိတယ်။