~Unicode~
မိုးလင်းမျက်လုံးနှစ်လုံးပွင့်လာပါပြီဆိုတည်းက ရိပေါ်ဟာစိတ်နဲ့လူနဲ့မကပ်။အခုလည်းတီဗွီကြီးဖွင့်ထားပြီးထိုင်နေပေမယ့် သူ့စိတ်ကတီဗွီဆီမရှိ။စိတ်က ဟာလာဟင်းလင်းနဲ့။ဘာလို့ဒီလိုတွေဖြစ်နေရသလဲ။
ရိပေါ်ရဲ့အတွေးထဲမှာ မနေ့ညပုံရိပ်တွေတစ်စတစ်စနေရာယူလာပြန်တယ်။အရှက်မရှိနဲ့ 'နမ်းချင်တယ်'ဆိုပြီးသွားပြောတာကအစ၊ အနားနားကိုတိုးကပ်သွားတာကအလယ်၊ ရှည်လျားတဲ့အနမ်းတွေအဆုံး...။"Shit...!!"
ပြန်စဉ်းစားမိတာနဲ့တင်ကိုပဲကြက်သီးထချင်စရာ။သူနိုးထလာရတဲ့အိပ်ရာကသူ့အိပ်ရာမဟုတ်၊ရှောင်ကျန့်အိပ်ရာဖြစ်နေခဲ့သလို..၊ မနေ့ညကအသိစိတ်လွတ်ပြီးသူသွားနမ်းခဲ့တဲ့သူဟာလည်းရှောင်ကျန့်ပါတဲ့ ..။ဒါဟာသူ့ဘဝတစ်လျှောက်လုံးမှာသူ့ဘက်နေစတင်ခဲ့တဲ့ပထမဆုံးအနမ်း။သူ့ရဲ့ဒီအနမ်းကမိန်းကလေးတစ်ယောက်ဆီမဟုတ်ဘဲရှောင်ကျန့်ကိုတဲ့။ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်သလဲ။ စိတ်မသက်သာရလွန်းလို့ ဒီအိမ်ရဲ့အရိပ်အောက်ပြေးထွက်ချင်နေပေမယ့် မရသေး။ရှောင်ကျန့်ရဲ့ 'အမှိုက်ပစ်ဖို့ ကူသယ်ပေးပါဦး'ဆိုတဲ့စကားနောက်မှာထိုင်စောင့်နေရပြန်တယ်။
"ရိပေါ်..ဘာထဖြစ်နေတာလဲ"
ရိပေါ်ရဲ့ဆဲသံကိုကြားသွားပုံပဲ။မီးဖိုချောင်ထဲကနေခေါင်းပြူထွက်ရင်းမေးလာတဲ့ရှောင်ကျန့်ကအေးအေးလူလူနဲ့။အခုမှမဟုတ်ဘူး။မနက်ရိပေါ်နိုးလာပါပြီဆိုတည်းက ရှောင်ကျန့်ပုံစံကမနေ့ကဘာကိစ္စမှမရှိခဲ့တဲ့အတိုင်း..။မူးနေလို့ပဲမမှတ်မိနေလား။မမှတ်မိချင်ယောင်ပဲဆောင်နေတာလားတော့မသိ။ကြည့်ရတာ
သူတစ်ယောက်တည်းကပဲ စိတ်မသက်မသာဖြစ်နေရတာများလား။"ဘာမှမဟုတ်ဘူးဗျာ..ခင်ဗျာသိမ်းစရာရှိတာတွေသာသိမ်း"
"အဟား..အင်းပါ အင်းပါ..ခဏလေးစောင့်"
ပြောလာတဲ့ရှောင်ကျန့်ကလေသံကရယ်ကျဲကျဲနဲ့။ သူ့ပုံစံကရှောင်ကျန့်အတွက်ရယ်စရာများကောင်းနေလို့လား။ရှောင်ကျန့်ကတော်တော်ဆိုးဆိုးပါပဲ။ရိပေါ်စိတ်ထဲအဆင်မပြေနေသမျှမနက်စာပါမုန့်ကိုသာ အားပါပါနဲ့ကိုက်ချလိုက်တော့တယ်။

YOU ARE READING
မိုး
Fanfiction❗BJYX Fanfiction❗ (Zawgyi and Unicode) ခင်ဗျားကမိုးပြေးလိုလူသား....။