ep-1

215K 8.2K 751
                                    

သျှမ်း ရီ​ဝေ​ဝေအသိတို့နဲ့ ကျိမ်းစက်​​နေ​တဲ့မျက်​လုံး​တွေကိုဖွင့်​ပြီး မိမိ​ရောက်​​နေတဲ့ပတ်​ဝန်းကျင်​ကိုအကဲခတ်​လိုက်​သည်​..

အခန်းသည်​ နံရံကပ်​ညမီးဆီမှ အလင်း​ရောင်​အချို့သာထွန်းလင်း​နေပြီး အပြင်​​လောက၏အ​မှောင်​​ကြောင့်​ဘာကိုမှမသဲကွဲ...

သူမြင်​သ​လောက်​က​တော့ ခရမ်းနု​ရောင်​​ဆေးသုတ်​ထားတဲ့မျက်​နှာကျက်​ရယ်​ အခုသူ​ရောက်​​နေတဲ့ ၂ ​ယောက်​အိပ်​ကုတင်​ကျယ်​ကြီးရယ်...

ပြီး​တော့​ဘေးနားက ပူ​နွေး​နွေးအထိအ​တွေ့နှင့်​ လက်​​မောင်းနားမှာ​ခွေအိပ်​​နေတဲ့ ခပ်​ဝဝ​ကြောင်​ကြီးတစ်​​ကောင်​။

မူး​နောက်​​နေတဲ့​ခေါင်းကိုဖိပြီး ကုတင်​​ပေါ်ကဆင်းသည်​။

ခန္ဓာကိုယ်​​ပေါ်မှာရှိ​နေတဲ့အဝတ်​အစား​တွေကလဲ သူ့အဝတ်​အစား​တွေမဟုတ်​။

သေချာတာက​တော့ ဒါသူ့အခန်းလဲမဟုတ်​ဘူး။

နှာ​ခေါင်းထဲတိုးဝင်​လာတဲ့ စိမ်း​ရွှေ​ရွှေအနံ့ရဲ့လားရာကိုကြည့်​လိုက်​​တော့ ကုတင်​​နဲ့ကပ်​လျက်​က စားပွဲ​ပေါ်မှာတင်​ထားတဲ့ အနီ​ရောင်​နှင်းဆီပန်းအိုး....

မုန်းလိုက်​တာ ပန်း​တွေကို ။ အထူးသဖြင့်​ ဒီလိုနှင်းဆီပန်းမျိုး​တွေ ။ အမြင်​သာလှပြီး သူတို့ကို​သေချာမပြုစု၊မ​စောင့်​ကြည့်​နိုင်​ရင်​ ခဏ​လေးနဲ့နွမ်းသွား၊​သေသွားတတ်​တဲ့ ဆူးခြံရံပြီးအားနည်းချက်​ကိုဖုံးကွယ်​ထားတဲ့ပန်းမျိုး.....။

သူတို့နဲ့စာရင်​ လမ်း​ဘေးမှာ​ပေါက်​တဲ့​ ​ခွေး​သေးပန်းကမှသာဦးမယ်​။

စိတ်​ထဲသ​ဘောမကျရင်​ မျက်​စိ​ရှေ့မှာလဲကြာကြာမထားချင်​ ။ စားပွဲခုံဘက်​တိုးသွားပြီး ပန်းအိုးကိုလက်​နဲ့လွှဲရိုက်​ချလိုက်​တယ်​...

'ခွမ်း

ပန်းအိုးကျကွဲသံနဲ့အတူ ပန်း​တွေဟာလဲပလဲပြီး ကြမ်းပြင်​​ပေါ်မှာ ရဲရဲနီသွားတယ်​...

ကောင်းတယ်​ အဲ့ဒါငါ့မျက်​စိ​ရှေ့​ရောက်​လာမိတဲ့ နင်​တို့ရဲ့အမှားပဲ။

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now