ep-22

31.5K 4.2K 299
                                    

နေ့တိုင်းသာ ချစ်​ရသူရင်​ခွင်​ထဲမှာနိုးထခွင့်​ရ​နေမယ်​ဆို မနက်​ခင်းတိုင်းဟာ ဘယ်​​လောက်​​တောင်​လှပ​နေလိုက်​မလဲ?....။

သျှမ်းတစ်​​ယောက်​ မထသေးဘဲ အိပ်​​နေ​သေးသည့်​ ဂုဏ့်​ရင်​ဘက်​​ပေါ်​မေးတင်​ကာ တစိမ့်​စိမ့်​ကြည့်​​နေရင်း နှုတ်​ခမ်းတို့က အလိုလိုပြုံးလာမိသည်​။

မျက်​ခုံးထူထူကြီး​တွေကို လက်​ညှိးထိပ်​​လေးနဲ့ဖွဖွထိကြည့်​လိုက်​ ၊ နှုတ်​ခမ်းပါးပါး​တွေကို တို့ထိကြည့်​လိုက်​နဲ့ သျှမ်းအိပ်​ရာမထ​သေးပဲအလုပ်​ရှုပ်​​နေသည်​။

"အဟက်​"

ကြည့်​​နေရင်းထိုနှုတ်​ခမ်းပါးတို့က ပြုံး​ယောင်​သန်းလာတာ​ကြောင့်​ သျှမ်းရှက်​ရီ,ရီလိုက်​မိသည်​။

"​မောင်​ နိုး​နေသားနဲ့"

ထို​တော့မှ ဂုဏ်​ကမျက်​လုံးဖွင့်​လာပြီး သျှမ်း၏ခါးတို့ကို သိုင်းဖက်​လိုက်​သည်​။

Dream-bed ​ပေါ်တွင်​ နှစ်​​ယောက်​သား၏အ​နေအထားကို​ပြောပါဆိုလျှင်​ ကြားခံဘာမှမရှိပဲ ထပ်ထားသည့်​ ​ပေါင်​မုန့်​၂ချပ်​လိုပင်​။

သျှမ်းကအ​ပေါ်က ဂုဏ်​က​အောက်​က....။

ဂုဏ့်​ရဲ့ပြုံး​ယောင်​​ယောင်​မျက်​နှာ​ကြီးကို အူယားလှတာ​ကြောင့်​ သျှမ်း ဂုဏ့်​မျက်​နှာအနှံ့ကိုလိုက်​နမ်း​နေမိ​တော့သည်​။

"မွ...မွ...ပြီး​တော့ ဒီနား​လေး​ရော မွ....ဒီနဖူးပြင်​​လေး​ရော မွ...."

ဂုဏ်​သည်​ မျက်​လုံးကြီးမှိတ်​ပြီး ပြုံးပြုံးကြီး သျှမ်းရဲ့အနမ်းကိုခံယူ​နေသည်​။

သျှမ်းက ပုရွတ်​ဆိတ်​တစ်​​ကောင်​လို ဂုဏ့်​ကိုယ်​​ပေါ်မှာရွစိရွစိဖြင့်​ ပါးကိုနမ်းလိုက်​ ၊ နားရွက်​​တွေလိုက်​ကိုက်​လိုက်​၊ ဂုဏ့်​လက်​​မောင်းကြွက်​သားကြီး​တွေကို ဖိကိုက်​လိုက်​နှင့်​ လှုပ်​ရွ​နေသည်​။

သူစိတ်​ကြိုက်​လိုက်​လုပ်​ပြီး​တော့မှ

"နမ်းလို့ပြီးသွားပြီ....ဘယ်​နားကျန်​​သေးလဲ....ဘယ်​နားကျန်​​သေးလဲ"

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now