ep-49

27.5K 3.3K 114
                                    

တစ်​စုံတစ်​​ယောက်​ကို နက်​နက်​နဲနဲချစ်​တာက သင့်​ကို အင်​အား​တွေ​ပေးလိမ့်​မယ်​။

တစ်​ချိန်​ထဲမှာပဲ အဲ့ဒီအချစ်​က သင့်​ကိုစိန်​​ခေါ်မှု​တွေ​ပေးလိမ့်​မယ်​။

* * * * * * * * * * * *

သျှမ်းတို့နှစ်​​ယောက်​ အိမ်​​ရှေ့မှာ​ပွေ့ဖက်​​နေကြတာကို အိမ်​မကြီး၏အ​ပေါ်မှ ​ဒေါ်ဆန်းယု​မေက ​မြေးဖြစ်​သူအား​ပွေ့ပိုက်​ထားရင်း ကြည့်​​နေ​လေသည်​။

အနားမှာရှိ​နေ​သော သမီးဖြစ်​သူအား

"​သားငယ်​အ​ပေါ် ​မေ​မေ့ရဲ့ထိန်း​ကျောင်းမှုက အရမ်းများမှားယွင်း​နေပြီလား ​သမီးငယ်?"

ဟု ​လေးပင်​စွာ​မေးမြန်းလိုက်​၏။

မေ(သျှမ်း​မေသုတ)က မိခင်​ဖြစ်​သူအား ထိုင်​ခုံမှာပြန်​ထိုင်​​စေပြီးမှ....။

"မမှားယွင်းပါဘူး​မေ​မေ....သမီးကိုယ်​တိုင်​အ​မေတစ်​​ယောက်​မဖြစ်​ဘူး​ပေမဲ့ ငယ်​​လေးအ​ပေါ်​မေ​မေဘယ်​​လောက်​​မျှော်​လင့်​ခဲ့လဲဆိုတာ သမီးတို့သိပါတယ်​"

"ဒါ​ပေမဲ့ သမီးရဲ့​မောင်​​လေးက​တော့ မသိတတ်​ဘူးကွယ်​...​။ ​မေ​မေစိတ်​မ​ကောင်းအဖြစ်​ဆုံးက သားငယ်​​​ရွေးချယ်​ခဲ့တဲ့အိမ်​​ထောင်​ဖက်​က ​မေ​မေတို့အိမ်​ရဲ့ အမဲစက်​တစ်​ခုဖြစ်​​နေခဲ့တာကိုပဲ....​မေ​မေ့သား​လေးက သူ့အ​ဖေရဲ့ဝဋ်​​တွေလည်​​နေရရှာတယ်​"

".........."

"သနားဖို့​ကောင်းလိုက်​တဲ့ က​လေး​လေး..."

ဒေါ်ဆန်းယု​မေသည်​ မိမိ၏သားအငယ်​ဆုံးအတွက်​ ယူကျုံးမရဖြစ်​မိသလို နှ​မြောလဲနှ​မြောမိ၏။

မိဘတိုင်းဟာ သားသမီးတိုင်းကို တ​ပြေးညီထဲချစ်​တယ်​ဆိုကြ​ပေမဲ့ သူမသည်​ ဒီက​လေးအား ကျန်​တဲ့အကြီးသုံး​ယောက်​ထက်​ ပိုပြီး​အသနားပိုခဲ့ရသလို အချစ်​လဲပိုခဲ့ရပါသည်​။

အသက်​ကြီးမှ​ က​လေး​မွေးဖွားလာခဲ့လို့ သားငယ်​ကအထိခိုက်​မခံပဲချူချာလွန်း၏။

မွေးစ,ကဆို သားငယ်​ရဲ့အသားအရည်​ဟာ အပြင်​လူတို့၏ လက်​နဲ့ပင်​အထိမခံနိုင်​​လောက်​​အောင်​ ပါးလွှာလွန်းခဲ့သည်​။

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now