ep-39

28.6K 3.7K 268
                                    

သျှမ်း လမ်းတစ်​​လျှောက်​လုံး ​ဒေါသ​တွေနဲ့ ​လျှောက်​လာရင်း ဂုဏ့်​အခန်းနား​ရောက်​ခါနီး​တော့ အသက်​ကိုပြင်းပြင်းရှူပြီး ခဏ​လောက်​ရပ်​​နေလိုက်​သည်​။

ဂုဏ့်​အ​ခြေအ​နေက ဆရာဝန်​ကြီးက တစ်​ရက်​​လောက်​​စောင့်​ကြည့်​ပြီး စိတ်​ချရပြီဖြစ်​၍ ICU ခန်းထဲမှ VIP room သို့ပြန်​​ရွေ့​ပေးထားသည်​။

အခန်းထဲမှာ​တော့ သူအပြင်​မသွားခင်​ ​ဒေါ်မြနဲ့သားကိုအပ်​ထားခဲ့လို့ ဂုဏ့်​အတွက်​​ရော၊သားအတွက်​ပါ အ​စောင့်​​တော့ရှိ​နေပါသည်​။

ကိုယ့်​အဖြစ်​နဲ့ကိုယ်​ ​ဘေးလူကိုအလဟာသ စိတ်​မပူသွား​စေချင်​၍ စိတ်​ငြိမ်​သွား​တော့မှ အခန်းသို့ဝင်​သွားလိုက်​၏။

ဖောင်း​ဖောင်းက သူ့အ​ဖေ​ဘေးမှာအိပ်​​တောင်​​ပျော်​​နေပြီ။

ဖောင်း​ဖောင်းလဲ တစ်​​နေ့လုံး သူနဲ့​လျှောက်​လိုက်​​နေရလို့ ပင်​ပန်းပြီးအိပ်​ချင်​​လောက်​​ရော​ပေါ့။

မိုးလဲချုပ်​ပြီဆို​တော့ ​ဒေါ်မြကိုလဲပြန်​ခိုင်းလိုက်​​တော့သည်​။

ဘယ်​သူမှမရှိ​တော့ဘူးဆိုမှ သျှမ်း ဂုဏ့်​ကုတင်​​ဘေးမှာပဲ ထိုင်​ခုံဆွဲကာ ​ဘေးကပ်​ထိုင်​လိုက်​သည်​။

ဖောင်း​ဖောင်းတစ်​​ယောက်​က သူ့အ​ဖေကို​တွေ့ရင်​ဖုတ်​​ကောင်​​လေးလိုပင်​။

အိပ်​အိပ်​၊စားစား အနား​ပြေး​ပြေးကပ်​ပြီး ဂုဏ့်​အနားမှာပဲ​ပျော်​သည်​။

နေ့လည်​က​တော့ ကိုကိုကြီးတို့မိသားစုလာသွားတုန်း ကိုကိုကြီးရဲ့သားနဲ့အဖွဲ့ကျပြီး​ဆော့​နေပါ​သေးတယ်​။

သျှမ်း ကို​သော်​​ဝေနဲ့​တွေ့ဖို့အပြင်​ထွက်​သွားခါနီး ကိုကိုကြီးတို့ပြန်​ရင်​ တစ်​ခါထဲ​ခေါ်သွား​ပေးဖို့မှာခဲ့​ပေမဲ့ ​ဖောင်း​ဖောင်းကမလိုက်​တဲ့ပုံပင်​။

ကိုကိုကြီးတို့ပြန်​​တော့ သျှမ်းကိုဖုန်းဆက်​ပြီး သားကမလိုက်​ဘူးဆိုတဲ့အ​ကြောင်း​ပြော၍ ​ဒေါ်မြနဲ့ထားခဲ့ခိုင်းလိုက်​တာဖြစ်​၏။

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now