ep-4

43.9K 5.1K 106
                                    

ဒီ​နေ့က​တော့ stock နဲ့ပက်​သက်​ပြီး software တစ်​ခု​ရေး​နေတာနဲ့ တစ်​​နေကုန်​အခန်း​အောင်းပြီး ဗိုက်​ကတကျုတ်​ကျုတ်​မြည်​သံ​ပေးလာတာ​ကြောင့်​ သျှမ်း ​အောက်​ထပ်​ကိုဆင်းလာလိုက်​သည်​။

ည​နေစာစားချိန်​​တော့​ကျော်​​နေပြီ​ပေမဲ့ စားစရာတစ်​ခုခု​တော့ရှိ​လောက်​မှာပါ​လေ.....

သျှမ်းက အလုပ်​လုပ်​​နေချိန်​ဆို သူ့အလုပ်​ခန်းထဲမှာ computer ​တွေနဲ့ပဲ နစ်​မြုပ်​​နေတတ်​ပြီး software ​ရေး​နေတဲ့အချိန်​မှာ အခန်းထဲမှာ အမြဲရှိ​နေတတ်​သည်​။

အရမ်းကိုအ​သေးစိတ်​ပြီး အ​ရေးကြီးလှသည့်​ software များကို တစ်​ခုခု​ကြောင့်​ ပျက်​သွားလျှင်​ ​ကြိုးစားထားသမျှ​ရေစုံ​မျောမှာစိုး၍...။

သားကို​တော့ ​သူအလုပ်​လုပ်​​နေတဲ့​တောက်​​လျောက်​ ဂုဏ်​ကပဲထိန်း​ပြီး မနက်​ကတည်းက သူ့အလုပ်​ကို​ခေါ်သွား​လေပြီ။

ဂုဏ်​က က​လေးကိုသူများ​တွေလို က​လေးထိန်း​တွေ၊နာနီ​တွေ ထားရတာမျိုးကိုမကြိုက်​။

သူ့သားကို လူတကာလက်​ထဲမထည့်​​ချေ။

ဒီ​နေ့လဲ သျှမ်းအလုပ်​လုပ်​​နေတာ​ကြောင့်​သာ​ခေါ်သွားတာ ​ဖောင်း​ဖောင်း​လေးကမလိုက်​ချင်​၍ သားအဖနှစ်​​ယောက်​ ဆူညံပွက်​​လောရိုက်​​နေပြီးမှ သွားခါနီး ဘယ်​လိုငြိမ်းချမ်း​ရေးရသွားသည်​မသိ။

သားက ကြည်​ကြည်​သာသာပင်​ ဂုဏ်​နဲ့လိုက်​သွား​သည်​။

ကြောင်​လိမ်​​လှေကား​ကွေ့အတိုင်း ဆင်းလာရင်း ဧည့်​ခန်းဘက်​ဆီ​ခြေချမိ​တော့ အိမ်​အကူအ​ဒေါ်ကြီးတစ်​​ယောက်​ကို​တွေ့သည်​။

သူဒီအိမ်​​ရောက်​တာ ကြာပြီဖြစ်​​ပေမဲ့ အလုပ်​သမား​တွေနဲ့က​တော့ တစ်​ချို့တစ်​​လေကို မျက်​မှန်းတန်းမိရုံ​လောက်​သာသိသည်​။

မိဘအိမ်​မှာ​နေကတည်းက အရို​သေတန်​မည်​စိုး၍ ​မေ​မေကိုယ်​တိုင်​က အလုပ်​သမားများနှင့်​ရင်းရင်းနှီးနှီးမ​နေခိုင်း။

အဆင့်​အတန်းခွဲတာ​တော့မဟုတ်​​ပေမဲ့ ကိုယ်​ကိုယ်​တိုင်​ကလဲ ဒီအိမ်​​ရောက်​ကတည်းက စိတ်​အ​ခြေအ​နေမ​ကောင်းခဲ့​တော့ အိမ်​ကြီးနှင့်​ပက်​သက်​၍ မ​လေ့လာဖြစ်​ခဲ့တာလဲပါသည်​။

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now