ep-14

33.1K 4.5K 520
                                    

ဆို​တော့ ငယ့်​ကို​နောက်​ဆုံး ကျုပ်ဆေးခပ်​ခဲ့တယ်​​ပေါ့​ဗျာ။

ပြန်​ခါနီး မိတ်​ဖြစ်​၊​ဆွေဖြစ်​အ​နေနဲ့ cheer လုပ်​ခွင့်​ပြုပါ'ဆိုတဲ့ ကျုပ်ရဲ့အဆိုကို ငယ်​ကအကြွင်းမဲ့ယုံပြီး လက်​ခံ cheer လုပ်​​ပေးခဲ့တယ်​။

ရှန်​ပိန်​​လေးတစ်​ခွက်​ထဲ......။

ဒါ​ပေမဲ့ ငယ့်​ကိုပိုင်​ဆိုင်​ရဖို့လုံ​လောက်​တယ်​။

ဆေးအရှိန်​​ကြောင့်​နဲနဲမူမမှန်​​တော့တဲ့ငယ့်​ကို လူကြားထဲကဆွဲ​ခေါ်ထုတ်​လာပြီး ကား​ပေါ်တင်​...တစ်​ခါထဲအိမ်​ကို​ခေါ်လာလိုက်​တယ်​။

အစ်​ကိုလုပ်​တဲ့ သျှမ်း​ဇေသုတကို​တော့ ​သော်​​ဝေကဇယားရှင်းထားလို့ လူ​တွေရှုပ်​​နေတဲ့​မွေး​နေ့ပွဲမှာ ငယ့်​ရဲ့အဖြစ်​ကိုသတိထားလိုက်​မိတဲ့သူခပ်​ရှားရှားရယ်​။

ဆေးအရှိန်​​ကြောင့်​လား၊ငယ်​ကပဲလူပျိုသိုး​လေးမို့လို့လားပဲ အဲ့ဒီညက ကျုပ်အတွက်​ special night ပါပဲ။

နောက်​မနက်​​ရောက်​​တော့ သား​ပိုင်​ရှင်​ ငယ့်​မိဘ​တွေက အိမ်​​ရှေ့ထိကား​တွေနဲ့အလျိုလျို​ရောက်​လာကြပြီး ကျုပ်ကိုလက်​ညှိး​ငေါက်​​ငေါက်​ထိုး....သူတို့သားကိုပြန်​​တောင်းပါ​တော့တယ်​။

ရိုးရိုးသားသားဝန်​ခံရရင်​ ကျုပ်အတွက်​ ငယ့်​ကိုပိုင်​ဆိုင်​ရဖို့ဆိုတာ အတင်းအကျပ်​ယူခြင်းမျိုး​တော့မဟုတ်​ဘူးဗျ။

ဒီတိုင်း သဘာဝအတိုင်း​လေး၊သမားရိုးကျ၊ဖြည်းဖြည်းချင်း ချဉ်းကပ်​တာမျိုးကို ကျုပ်ကပိုသ​ဘောကျတာ။

ဒါကဒီတိုင်းသ​ဘောကျတဲ့အ​နေအထားကို​ပြောတာ​နော်​...။

အခုချိန်​ထိဖြစ်​ပျက်​ခဲ့သမျှမှာ ကျုပ်ဘက်​ကဘာတစ်​ခုမှ ကြိုတင်​စီစဉ်​ထားတာမရှိပဲ ရုတ်​တရက်​ဖြစ်​သွားတာ။

ခ​ဗျားတို့ဆိုရင်​​ရော ကိုယ်​ချစ်​ရမဲ့သူကိုလွယ်​လွယ်​ပိုင်​ဆိုင်​နိုင်​မဲ့အခွင့်​အ​ရေးကို မျက်​စိ​ရှေ့မှာရှိ​နေရက်​သားနဲ့ မယူပဲ​နေမှာလား။

ဘယ်​သူယူယူ၊မယူယူ​ဗျာ ကျုပ်​က​တော့ယူတယ်​။

တကယ်​တမ်းပိုင်​ရှင်​အစစ်​​တွေက လာ​တောင်း​တော့လဲ ကျုပ်ကပြန်​ထဲ့​ပေးမလို့ပဲ။

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now