ep-18

35.3K 4.2K 111
                                    

ဂုဏ်​ အိမ်​မှာမရှိတာ ၂ လနီးပါးရှိပြီ။

၃ ပတ်​​လောက်​ကြာမယ်​လို့သာ​ပြောသွား​ပေမဲ့ ဟိုမှာပြသနာ​လေး​တွေ​ပေါ်လာလို့ နဲနဲ​တော့ကြာဦးမယ်​လို့ ဂုဏ်​နဲ့ဖုန်း​ပြောပြီးကတည်းက ဂုဏ်​ဟာ အလုပ်​​ကြောင့်​ပဲလားမသိ အဆက်​အသွယ်​မလုပ်​လာ​တော့။

ဂုဏ်​ကလဲမဆက်​သွယ်​​တော့သလို၊သျှမ်းဘက်​ကဆက်​သွယ်​ဖြစ်​​တော့လဲဖုန်းမကိုင်​။

သျှမ်း ​ပြောချင်​သမျှကို အတွင်း​ရေးမှူး​သော်​​ဝေဆီသို့သာ မှာရသည်​။

ဂုဏ်​ဘာလုပ်​တယ်​၊ဘယ်​သွားတယ်​၊ဘာစားတယ်​ကအစ ​သော်​​ဝေ့ကို​မေး​ရသည်​။

ဂုဏ်​က​ရော ဘာပြန်​​ပြော​သေးလဲ'ဟု​မေးရင်​​တော့ 'သူ​ဋ္ဌေးက ​ထွေ​ထွေထူးထူးပြန်​​ပြောတာမရှိပါဘူး' '​ကောင်းပြီတဲ့' 'ကို​စေ့ကို သူ​ဋ္ဌေးကဂရုစိုက်​ဖို့မှာလိုက်​တယ်​' ဒါ​တွေပဲပြန်​ကြား​နေရသည်​။

သားကလဲ ဖ​အေနဲ့မ​တွေ့တာကြာ​တော့ ဖုန်းလာတိုင်း လည်​​ပင်း​လေးတဆန့်​ဆန့်​နဲ့ တဂျီဂျီ။

အချိန်​တိုင်းဖုန်းမဆက်​အားရင်​​တောင်​ အားတဲ့အချိန်​​လေး​တော့ဆက်​​စေချင်​တယ်​' ​လို့ ​ပြော​တော့လဲ ​သော်​​ဝေ့ဆီက 'ပြန်​​ပြော​ပေးပါ့မယ်​' ဆိုတဲ့အ​ဖြေစကားကလွဲပြီး ဂုဏ့်​ဆီက ဘယ်​လိုအဆက်​အသွယ်​မှမ​ရောက်​လာခဲ့။

Message ​လေးတစ်​​ကြောင်း၊ Phone ​လေးတစ်​ call....

သျှမ်း မသွားခင်​ကတည်းက အတန်​တန်​မှာလိုက်​ပါရက်​နဲ့။

ကျန်​​နေခဲ့ရတဲ့လူက ငရုပ်​သီး​တောင်းဖင်​ထိုင်​ရသလို ပူစပ်​ပူ​လောင်​နှင့်​​နေလို့မထိ။

ဂုဏ်​​တော်​​တော်​အလုပ်​မအားလို့ပဲ​နေမှာပါ'လို့သာ​တွေးပြီး software ​ရေးဖို့ရာကိုသာ အာရုံစိုက်​​တော့ဖို့​တွေးလိုက်​မိတာလဲအခါခါ။

သျှမ်းအလုပ်​ကလဲ ပြီးဖို့ရာကသိပ်​မလို​တော့သည်​မို့ သျှမ်းလဲမြန်​မြန်​လက်​စသတ်​လိုက်​ချင်​ပြီ။

ဒါမှ ​နောင်​ဆက်​နွယ်​လာမည့်​အရှုပ်​အရှင်းကဏ္ဍ​တွေ သျှမ်းစိတ်​ရှင်းရှင်းနဲ့ ရှင်းထုတ်​နိုင်​မည်​။

11:11(ရင်​နှင့်​ရင်း၍)[Complete]Donde viven las historias. Descúbrelo ahora