ep-50B uni

25.3K 1.5K 17
                                    

သှျမ်​းထွက်​သွား​တဲ့အထိ ​နေနဲ့ ​ဇေတို့နဲ့က​တော့ တစ်​ဖက်​နဲ့တစ်​ဖက်​ အပြန်​အလှန်​အ​ချေအတင်​​တွေဖြစ်​​နေကြတုန်​း။

ထိုအ​ခြေအ​နေကိုအခွင်​့​ကောင်​းယူပြီး ​နွေဦး​မေ သန်​့စင်​ခန်​းဝင်​ရန်​အ​ကြောင်​းပြပြီးသှျမ်​း​နောက်​လိုက်​လာခဲ့လိုက်​သည်​။

သှျမ်းက​​တော့ ​နောက်​​ဖေးဘက်​မှာဂုဏ်​နဲ့ဖုန်​း​ပြော​နေရင်​း  လက်​​ပေါ်က​ဖောင်​း​ဖောင်​းကလဲ လုံးဝမ​နေ​တော့ပဲ ငိုယိုပြီး ​ကော့ကလန်​ထိုး​နေတာ​ကြောင်​့ ​ချော့​မော့​နေရသည်​။

"ခဏ​​နေပြန်မယ်သားရယ်...ခဏ​​လေး ​ဖေ​​ဖေဖုန်း​​​ပြောမလို့.....။Hello ​မောင်!"

"............."

"ဟင်....softwate လား?"

"........"

"အာ...ဟုတ်​တယ်​။ သူ့ကို ငါ​ရေး​ပေးလိုက်​တာ​လေ...​နောက်​ဆုံးတစ်​​ခေါက်​က"

"......."

"ဟုတ်​လား​မောင်...အ​ရေးကြီး​နေရင်​ ငါအခုပြန်​လာမယ်​​လေ"

"........"

"ငါသိပ်​မကြာခင်​ပြန်​လာ​တော့မှာပါ...ဒီမှာသားကလဲမ​နေ​တော့ဘူး"

"......"

"Ok ​မောင်​"

ဖုန်​းချပြီး အိမ်​ထဲဝင်​ဖို့​နောက်​ကိုလှည်​့လိုက်​​တော့ နံရံကိုမီှပြီး သားကိုစိုက်​ကြည်​့​နေတဲ့​နွေဦး​မေ​ကြောင်​့ သှျမ်​း ​ခြေနှစ်​လှမ်​း​လောက်​​နောက်​ဆုတ်​မိသွားသည်​။

ဒီမိန်​းမကို ရွံတယ်​။

"ဘာဖြစ်​လို့လဲ ကိုကို? သားကိုအ​မေက မ​တွေ့တာကြာလို့ကြည်​့တာ​လေ...အဲ့​လောက်​ထိဖြစ်​ပြစရာလိုလို့လား"

"မင်​းလိုမိန်​းမက ဘယ်​နားမှာအ​မေနဲ့တူတာရိှလို့ ငါ့​ရေှ့မှာ အသံ​ကောင်​းလာဟစ်​ပြ​နေရတာလဲ"

"ကျွန်​မက အ​မေပဲဟာ...အ​မေလို့မ​ပြောလို့ဘယ်​လို​ပြောရမှာလဲ?"

"ဟက်​...မင်​းကအ​မေမဟုတ်​ဘူး။ မင်​းက ဒီတိုင်​းငါ့က​လေးကို ​ငွေယူပြီး​မွေး​ပေးတဲ့ အငှါးမိန်​းမ​သာသာပဲ"

11:11(ရင်​နှင့်​ရင်း၍)[Complete]Where stories live. Discover now