ep-38

28.5K 3.4K 223
                                    

သော်​​ဝေနဲ့ သျှမ်း ​ဆေးရုံအပြင်​ဘက်​ကထိုင်​ခုံတန်း​လေး​တွေမှာထိုင်​ရင်း အလုပ်​အ​ကြောင်း​ဆွေး​နွေး​နေကြ၏။

သျှမ်းက ဒိုးနပ်​ဆိုင်​ကပြန်​လာထဲက အလင်းသစ်နှင့်​​တွေ့ပြီး စိတ်​အ​ခြေအ​နေသိပ်​မ​ကောင်း။

ထို့ကြောင့် သော်​​ဝေနှင့်​စကား​ပြောရင်း အမှားပါမည်​စိုး၍ ​သော်​​ဝေ​ပြောသမျှကိုသာ နား​ထောင်​သည်​။

သူက​တော့ တစ်​ခါတစ်​​လေ လိုအပ်​မှဝင်​​ပြောသည်​။

စကား​ပြော​နေရင်းလဲ သျှမ်းမှာ စိတ်​​တွေကဟို​ရောက်​လိုက်​၊ဒီ​ရောက်​လိုက်​နှင့်​ အလုပ်​အ​ကြောင်းကို အပြည့်​အဝအာရုံမစူးစိုက်​နိုင်​ပါ။

အခုလဲ စိတ်​​တွေဟို​ပြေး၊ဒီလွှားဖြစ်​​နေတုန်း ​သော်​​ဝေ့ရဲ့စကားသံတို့က နားထဲသို့တစ်​ဖန်​ပြန်​ဝင်​လာပြန်​သည်​။

"ကို​စေ့အစ်​ကို​တွေဝင်​ပါလိုက်​လို့ ဒီကိစ္စက​တော်​​တော်​ရှင်းရလွယ်​သွားတယ်​​ပြောရမယ်...ဒါ​ပေမဲ့........."

သော်​​ဝေ စကား​ပြော​နေတာခဏရပ်​လိုက်​ပြီး သျှမ်းဘက်​ကိုလှည့်​ကြည့်​သည်​။

သျှမ်း ငြိမ်​ငြိမ်​​လေးနား​ထောင်​​နေ​တော့မှ

"ဦးမိုးဖြူက​တော့လွတ်​သွားတယ်....​ထောင်​ထဲထည့်​လိုက်​ခါနီးမှ​ဗျာ....​တောက်​"

တောက်​ခတ်​ရင်း ​သော်​​ဝေတစ်​​ယောက်​ ကျိတ်​မနိုင်​ခဲမရဖြစ်​​နေသည်​။

ပြီး​တော့ သူ သျှမ်းရဲ့တုံ့ပြန်​မှုကိုအကဲခတ်​လိုက်​၏။

သျှမ်းက​တော့ မျက်​နှာအမူအရာတစ်​ချက်​ပျက်​မသွားပဲ သူ့​ဘေးနားကဖြတ်​သွားတဲ့ လူနာ​တွေကိုသာလိုက်​ကြည့်​​နေ​လေသည်​။

သျှမ်း အံ့သြသွားမယ်​ထင်​ခဲ့​ပေမဲ့ သျှမ်းကသိ​နေပြီးသားပုံစံမျိုးဖြစ်နေ၏။

တည်ငြိမ်စွာပင် လေသံအေးလေးဖြင့်...။

"ကျွန်​​တော်​အစထဲက လွတ်​သွားမယ်​မှန်း သိပြီးသားပါ...ဒီတိုင်း The Unique ဆိုတာ လာထိချင်​တိုင်း ထိလို့ရတဲ့ကုမ္ပဏီမဟုတ်​ဘူးဆိုတာ အသိ​ပေးချင်​ရုံပဲ"

11:11(ရင်​နှင့်​ရင်း၍)[Complete]Donde viven las historias. Descúbrelo ahora