Someone ( 1 )

29.4K 773 12
                                    


Unicode

လေတိုးသံ တဖြူးဖြူး နဲ့ သစ်ရွက်လေး
တဖျတ်ဖျတ် လှုပ်ခတ်သံတွေ နားထောင်ပြီး
လတ်ဆတ်တဲ့လေကို အဆုတ်ထဲထိဝင်အောင်
ရှူသွင်းလိုက်တယ် အမောတော့ မပြေပါ
တောင်ပေါ်ကို စက်ဘီးနင်းတက်လာတုန်းကတော့
မနက် နေထွက်တာလေးကို ဓာတ်ပုံရိုက်ချင်ဇောနဲ့
အသည်းအသန်လာခဲ့တာလေ ..
လိုချင်တဲ့ Landscape ပုံလေးတွေ ရိုက်ဖို့
အမောဖြေပြီးမှ စိတ်ကြိုက် ရတော့မယ်လေ

ရန်ကုန်

ဟုတ်တယ်
ရန်ကုန်မှာ ဓာတ်ပုံပြိုင်ပွဲဝင်ဖို့
သူပုံတွေကို နယ်ဆင်းရိုက်နေတာ
တစ်ပတ်တောင် ရှိပါပြီ
ခုလာတဲ့ မြို့က သူ့အတွက် ပြိုင်ပွဲဝင်ဖို့
ပုံတွေ စိတ်တိုင်းကျ မရနိုင်သေးပါ
မနက်စာစားနေကျ
ရှမ်းခေါက်ဆွဲဆိုင်က ဆိုင်ရှင်အစ်ကိုက
သူအတွက်ပုံကောင်းလေးတွေရိုက်နိုင်မယ်ဆိုပြီး
လမ်းညွှန်ပေးလိုက်လို့ မနက်အစောကို
Hotel က စက်ဘီးနဲ့ နေမထွက်ခင်
နင်းတက်လာခဲ့တာ
လမ်းတော့အရမ်းမဆိုး မြေသားလမ်း မလို့
အဆင်ပြေသည် မိုးရွာရင်မလွယ်ပါ
လာရကျိုးနပ်ပါတယ် ရှု့ခင်းလေးတွေ
အရမ်းကိုလှနေတာမို့
သူစိတ်ကြိုက် ပုံတွေ အမျိုးမျိုးရိုက်ကူးနေမိတယ်

နဖူးမှာစီးနေတဲ့ချွေးတွေကိုသုတ်ပြီး
တောပိတောက်ပင်အောက်က
ကျောက်တုံးလေးပေါ်ထိုင်ရင်း ပါလာတဲ့ Coffee ဗူး
ကိုထုတ်ပြီး မော့သောက်လိုက်တယ်
ဒေသထွက်ကော်ဖီနံလေးက မွေးပျံနေတယ်လေ
အိတ်ထဲပါတဲ့ ကိတ်ခြောက်ကို ထုတ်ပြီး
စားလိုက်တယ် မနက်အစောကို ဆိုင်မှာထိုင်စားလဲ
အဆင်မပြေ နောက်ကျမှာစိုးတာနဲ့ ရှိတာတွေပဲ
ယူလာခဲ့မိလို့တော်သေးတယ်
သူကော်ဖီဗူးကိုပိတ်ပြီး နေရာကနေထလိုက်တော့

" ကော်ဖီလေး မတိုက်ချင်ဘူးလား"

သာယာတဲ့ အသံလေး တစ်သံက
နားထဲတိုးဝင်လာတယ် သူ့ရင်ဘတ်တစ်ခုလုံး
ဒုန်းခနဲမြည်သလိုလှုပ်ခတ်လို့နေတယ်
အသံလေးပဲကြားနေရတာကို...
သူဘယ်လိုဖြစ်သွားသလဲဆိုတာ သူကိုယ့်သူမသိ

သူ ဆတ်ခနဲ နောက်ကို လှည့်ကြည့်မိတယ်
ကောင်မလေးတစ်ယောက်
ပြုံးပြီးသူကိုကြည့်နေတယ်ဘေးမှာလဲ စက်ဘီးလေးတစ်စီးကို ထောင်ထားလို့
ပြီးပြည့်စုံတဲ့ အလှဆိုတာသူ့ဆီမှာရှိတာထင်တယ်
ဝါဝင်းနေတဲ့ အသားလေးနဲ့ လိုက်ဖက်တဲ့ ကော်ဖီရောင်
ဆံနွယ်အခွေခွေတွေကိုနဖူး မြင့်မြင့်လေးပေါ်အောင်
နောက်ဖက်ကိုစီးထားသေးတယ် မျက်လုံးညိုညိုနဲ့
လှတဲ့ ဇင်ယော်တောင်မျက်ခုံးလေးတွေ
ပြုံးနေရင်ကော့တက်နေတဲ့ လေးကိုင်းပုံနုတ်ခမ်းနဲ့ နှာတံစင်းစင်းလေးတွေကို သူငေးကြည့် နေမိတယ် ရှည်ပါတယ်ဆိုတဲ့ သူ့အရပ်နဲ့ မကွာတဲ့
ကောင်မလေးရဲ့ အရပ်ရယ်
ဝတ်ထားတဲ့ Adidas အားကစား အပေါ်အောက်
ဆင်တူ ဝတ်စုံနဲ့ စီးထားတဲ့အဖြူရောင်
Adidas Superstar snaker လေးနဲ့
အရမ်းကိုလိုက်ဖက်တဲ့ ကောင်မလေးကို
သူငေးနေမိတယ်

SomeoneWhere stories live. Discover now