Someone(29)

8K 359 5
                                    

Unicode

နေသာ Baby ကို ဆေးရုံပြန်လိုက်ပို့ပေးရတယ်
၅ရက်တစ်ကြိမ်သွားရတယ်ဆိုပေမဲ့ ဒီနေ့ဆို
၁၅ရက်ပြည့်ပြီ ရက်ချိန်းလဲဖြစ်တာကြောင့်
အန်ကယ်လေး အခန်းကိုသာ အရောက်
သွားလိုက်တယ်

" လာ သမီး မနက်ကတည်းက အတူခေါ်မလို့ဆို
မနိုးကြသေးတာနဲ့ ထွက်လာလိုက်တာ"

"ရတယ် အန်ကယ်လေး Honey နဲ့ မြူ က ဆေးရုံ
ကိုလာတာအခေါက်ပေါင်းမနည်းတော့ လာတတ်
နေပါပြီ"

"အေးဟုတ်တယ်နော်
ကဲကဲ သမီး ရော့ ဒီဗူးလေးနဲ့ ဆီးကိုထည့်လာခဲ့"

မြူ အန်ကယ်လေးပေးတဲ့ ဆီးဗူးကိုယူကာ
Toilet ဘက်ကိုသွားလိုက်တယ် Honey ကတော့
ဘေးကနေလိုက်လာပေးတယ်

" အပြင်မှာပဲစောင့်လေ အထဲလိုက်မ၀င်နဲ့"

"အင်းလေ ကိုယ်က အပြင်မှာပဲစောင့်မှာကို"

မြူ အကဲပိုတဲ့Honey ကို မျက်စောင်းလေးထိုးပြီး Toilet ထဲဝင်သွားလိုက်တယ်

...........

ဆီးဗူးကို အန်ကယ်လေးဆီ ပေးတော့ အန်ကယ်လေး
က ဆီးစစ်တံနဲ့ စစ်ပေးနေတာကို Honey နဲ့ မြူ လက်
လေးတွဲပြီး ရင်ခုန်စွာ စောင့်စားနေကြတယ်
တဖြည်းဖြည်းနဲ့ အနီကြောင်း တစ်ကြောင်းပေါ်
လာတယ် နောက်တော့ အနီ​က နောက်ထပ်
တစ်ကြောင်း

"ဂုဏ်ယူပါတယ်ကွယ် နေသာ နဲ့ အိမ်မက်မြူ
ဖန်ပြွန်သန္ဓေက အောင်မြင်သွားပြီ ဖြစ်လို့
သမီးရဲ့ကိုယ်၀န်က နှစ်ပတ်ရှိသွားပါပြီ "

"ယေးးးး"

" ၀မ်းသာလိုက်တာ ဟား ဟား "

Honey က မရှက်နိုင်ပဲ ဝမ်းသာအားရအော်ပြီး
မြူ့ကိုယ်လေးကို ​မြှောက်ပြီး ပွေ့ဖက်ထားလိုက်တာ
မြူတို့ကြိုးစားထားသမျှ အထမြှောက်ခဲ့ပြီလေ
မြူ လဲ ၀မ်းသာလွန်းလို့ မျက်ရည်တွေစီးကျနေတယ်

" အမလေး အမလေး သိပ်မမြှောက်နဲ့ သမီးဗိုက်ထဲက
ကိုယ်၀န်က နှစ်ပတ်ပဲရှိသေးလို့အရမ်းနုသေးတာလေ နေသာ ရဲ့ ပြန်ချ ပြန်ချ ဖြည်းဖြည်းချနော် "

"ဟီး ဝမ်းသာလို့သိလား "

"Honey ချပေးတော့လေ "

SomeoneWhere stories live. Discover now