Someone (7)

8.7K 474 1
                                    


Unicode

အယ်စိုးနိုင် ခေါ်လာတဲ့ နေရာလေးတွေကို
သူအရမ်းသဘောကျမိတယ် နံနက်ခင်း
အာရုံမတက်ခင်ထွက်လာတာမို့ ရေပြင်မှာ
ရေငွေ့တွေနဲ့ ပြည့်နက်လို့နေတယ်
ငါးဖမ်းတဲ့ တံငါလှေတွေ အင်းရေပြင်မှာ လှေကို
ခြေနဲ့လှေခတ်ရင်း သွားလာလှုပ်ရှားလို့နေကြတယ်။

တစ်ချို့လှေပေါ်မှာ အင်းဝတ်စုံ ချည်ထည်
ပင်နီရောင် ဝမ်းဆက်ဝတ်ထားတဲ့ သူတွေကို
သူဓာတ်ပုံရိုက်ဖို့အတွက် အယ်စိုးနိုင်
လှမ်းခေါ်ပြီး သူလိုချင်တဲ့ပုံစံတွေဆင်ပြီး
စိတ်ကြိုက်ရိုက်ယူတယ် ။

မြူ ...ကိုလဲ ငါးဖမ်းလှေပေါ်တက်စေကာ
Drone ဖြင့်တစ်လှည့် Camera တစ်လှည့်
နေသာ စိတ်တိုင်းကျအောင်ရိုက်ယူနေတယ်
အိမ်မက်မြူ ရဲ့ပုံတွေကို ရိုက်ပေးရတာ
နေသာ ရင်တွေအရမ်းခုန်နေမိတယ်
ကင်မရာကိုပြန်စိုက်ကြည့်တဲ့အခါတိုင်း
ရင်တွေတုန်လာပြီး လက်ထဲကကင်မရာတောင်
လွတ်ကျမတတ်ဖြစ်တာ ခဏခဏပါပဲ
တော်သေးတာတစ်ခုက ကင်မရာကိုလည်ပင်း
မှာလွယ်ထားလို့ပါပဲ

ရောင်နီတွေ တစ်စတစ်စ ပေါ်လာတဲ့အချိန်
ရောက်တော့ ရေပြင်ကရိုက်ကူးရေးကိုနားပြီး
ဖောင်တော်ဦးဘုရားဘက်ကို ထပ်သွားပြီး
ရိုက်ကူးရေးကို အဆုံးသတ်လိုက်တယ်။

နှစ်ယောက်သားဖောင်တော်ဦးဘုရားပေါ်တက်ခဲတယ်
ပန်းရောင်းတဲ့သူတွေထဲက ကြာပန်းတွေဝယ်ပြီး ဘုရားကန်တော့လိုက်တယ်၊ ဖောင်တော်ဦးမြတ်စွာဘုရားကို
သန့်ရှင်းရေးလုပ်နေတဲ့ ဦးလေးတစ်ယောက်နဲ့
ဘုရားကိုရွှေချခိုင်းပြီး
အလှူငွေကို မြူ ..နဲ့ အတူ လှူဒါန်းခဲ့တယ်။

ဖောင်တော်ဦးဘုရားဖူးပြီးတော့ အယ်စိုးနိုင်က
အင်းတိန်ရွာကို ပို့ပေးတာမလို့ အင်းတိန်ဘုရားကိုလဲ
မြူ ..နဲ့ အတူ ဖူးမြှော်ခဲ့ပြီး
ဘုရားစောင်းတန်းတလျောက်မှာရှိတဲ့ စျေးဆိုင်
တွေကနေ လည်ဆွဲ အနည်းငယ်နဲ့ ရိုးရာဝတ်စုံတွေ ထပ်ဝယ်ခဲ့ကြတယ်။
နှစ်ယောက်စလုံးမနက်ကတည်းကရိုးရာ
ဝတ်စုံလေးတွေဝတ်ထားကြတာ
သောတော့အနက်ကြိုက်တာမို့ ရှမ်းဘောင်းဘီအနက်နှင့် ရိုးရာအင်္ကျီ အဖြူ လက်တိုကို ဝတ်ထားသလို
မြူ....လဲ သူလက်ဆောင်ပေးထားတဲ့
အနက်ရောင်အင်းထမိန်နဲ့အဖြူရောင်အကျီကိုဝတ်ထားတာမလို့ နှစ်ဦးသားCoupleလိုဖြစ်နေကြတယ် အဲ့လိုဖြစ်နေတာကို စဉ်းစားရင်းကြည်နူးနေမိတယ်
ခုလို မြူ...နဲ့အတူဘုရားဖူးရင်း ဆုတစ်ခုကိုတောင်းခဲ့တယ်တစ်စုံတစ်ယောက်ချစ်ဖို့ အကြောင်းပြချက်တွေ
မလိုပါပဲနဲ့ချစ်နေတာကို သူသိအောင်ပြဖိုပဲလိုတာမို့ မြူ....အချစ်ကို ရပါစေလို၏ ဆိုတဲ့ဆုတစ်ဆုတောင်း
ခဲ့တယ်

SomeoneWhere stories live. Discover now