Someone(15)

9.6K 419 3
                                    


Unicode

   နေသာ မှန်းထားသလို မြူ ..စိတ်ကောက်တာပဲ
သူပို့ထားတဲ့Massange ကို Seen တောင် မပြဘူး Replyဆို ဝေး..ဖုန်းဆက်လဲ မကိုင်  

မြူ ...စိတ်ကောက်တတ်မှန်းသိရဲ့နဲ့ဖုန်းမဆက်မိတာ နောင်တရမိတယ်အရင်နေ့တွေက စိတ်သာကောက်တာ ဖုန်းကိုင်လို့စိတ်သက်သာရတာ ခုတော့ဖုန်းကိုပြန်မဖြေတာ​ကြောင့် နေသာ ​မနေတတ်ပါ
လူလဲ မယားပူမိနေသလို ထိုင်မရထမရ ဖြစ်နေပြီ

"ဒေါက် ...ဒေါက် ...ဒေါက် .."

"နေသာယာထွန်း  ပြီးပြီလား မနက်စာစားမယ်
ဆင်းလာတော့ အောက်မှာ ခန့် ရောက်နေပြီ 
ကားဝယ်မဲ့ သူတွေလဲပါလာတယ်"

ဟုတ်သားပဲ မြူ  နေသာ့ကိုစိတ်ကောက်နေတာနဲ့ပဲ
အရာရာကိုသတိမရတော့   ခန့် ..သာသိရင် ဟားတိုက်လို့ဆုံးမှာမဟုတ်ဘူး 

" လာပြီ မာမီ ... Onwer Book နဲ့
အာမခံစာအုပ်ယူနေလို့"

" အောက်မှာ စောင့်မယ်နော်   နေသာလေး"

" ဟုတ် ...မာမီ "

ကုတင်ဘေးက စားပွဲခုံအံဆွဲထဲမှာရှိတဲ့
Onwer book နဲ့အာမခံစာအုပ်ကိုယူပြီး
အောက်ထပ်ကို ဆင်းလာခဲ့တယ်။
ဧည့်ခန်းထဲ ထိုင်နေတဲ့ ခန့် တို့ကို ကြည့်တော့
မာမီ ကကော်ဖီ နဲ့ မုန့်တွေ စီစဉ်ပေးထားတယ်
နေသာ ခန့် နဲ့ကား၀ယ်သူတွေနားလာခဲ့တယ်

"  ဆောရီး နော် ကျွန်တော်အိပ်ယာထနောက်ကျသွား
တယ် အေးဆေးသုံးဆောင်ပါအုံး နော်ပြီးမှကားကိစ္စ
လုပ်တာပေါ့"

ခန့်  .ဘေး မှာ ထိုင်နေတဲ့ သူကို အားနာစွာနဲ့
ပြောလိုက်တယ်

" ရပါတယ် ဗျာ
ကားအတွက် လိုအပ်တဲ့စာချုပ်တွေ
ချုပ်လိုက်ကြတာပေါ့"

" နေသာ  ခုမင်းရောင်းမဲ့ ကားက
အန်တီ ဒေါ်သာယာဦးနာမည်နဲ့ ပေါက်တာဆိုတော့
အန်တီ့ ကို ခေါ်လိုက်ပါအုံးသူ့လက်မှတ်လိုတယ်"

"  ဟုတ်တယ် သက်တမ်းတိုးတော့
မာမီ့ နာမည်နဲ့ ပြန်ပြောင်းထားတာ ခဏလေး
ငါသွားခေါ်လိုက်မယ်"

နေသာ ..ထမင်းစားခန်းထဲ ဝင်ပြီး မာမီ့ကို လက်မှတ်ထိုးဖို့ ခေါ်လိုက်တယ် ...အရောင်းအဝယ်အတွက် အားလုံးအဆင်ပြေတော့ ကားကို ဝယ်လက်ထဲ ထည့်ပေးလိုက်တယ်
ခန့် ကို အကျိုးတော်ဆောင်ခပေးတဲ့အခါမှာ

SomeoneWhere stories live. Discover now