Unicode
မြူ ရဲ့ နုတ်ခမ်းသားကိုသူ့နုတ်ခမ်းနဲ့
ထပ်တူကျစေလိုက်တယ်
တဖြည်းဖြည်းနစ်ဝင်အောင် နမ်းရှိုက်နေရင်း
ချိုမြိန်တဲ့ နုတ်ခမ်းကနေ မခွာချင် ခဲ့...
ရင်ဘတ်ထဲကနေ ကျင်တက်လာတဲ့ ..
ခံစားချက်က ... ဓာတ်လိုက်သလို
ကျင်တက်လာခဲ့တယ်
မြူ ...ရုန်းလေလေ ပိုတိုးဖက်ပြီး
နမ်းနေမိတယ်"ဘုန်း"
"အ"
မြူ ...သတိ၀င်လာတာနဲ့
နေသာ့ ကို ဆောင့်တွန်းလိုက်တာမလို့
နေသာ ကြမ်းပေါ် နောက်ပြန်ကျသွားခဲ့တယ်
နာကျင်နေတဲ့အရှိန်ကြောင့်သတိဝင်လာခဲ့တယ်
တပြိုင်နက်ထဲခေါင်းထဲထပ်ရောက်လာတာက
ရှက်စိတ် ...ရှက်စိတ်နဲ့အတူ
နေသာ မြူ့ ကို မော့ကြည့်တဲ့အခါမှာတော့
မြူ က နေသာ့ကို အံ့အားသင့်တဲ့
အကြည့်မျိုးနဲ့ကြည့်နေတယ်အထင်သေးတဲ့ အကြည့်လား...
နေသာ မဝေခွဲတတ်ပါ... အမြန်ထရပ်ပြီး
မြူ့လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာ
မြူ .က အကိုင်မခံတော့ပဲဆောင့်ရုန်းနေတယ်" ယူ ဘာဖြစ်နေတာလဲ
မူးနေလို့ဆိုရင် တို့အပေါ် အခွင့်အရေး
မယူစေချင်ဘူးနော် မနက်ရောက်ရင်
ဘာမှ မသိဘူး မူးနေလို့ပါ ဆိုပြီး
ချိုးချင်တာလား"နေသာ ထင်ထားတဲ့အတိုင်း
မြူ့နဲ့ နေသာကြားကခင်မင်မှု
စည်းလေးပျက်သွားပြီလား
နေသာ မဖြစ်ချင်ပါ
မြူ နဲ့ရှေ့ဆက်ချင်တဲ့စိတ်တွေ
ရှိနေသေးတာကြောင့်"ကိုယ်မမူးပါဘူး မြူ...ရယ်....
ကိုယ် မြူ...ကို ချစ်မိသွားလို့ပါ ...
ကိုယ် ...မြူ ..နဲ့ ခွဲရတော့မှာမို့...
ဝမ်းနည်းပြီး...ကိုယ် ....
စိတ်မထိန်းနိုင်ဘူး မြူ..ရယ်..
ကိုယ် ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး
ကိုယ့်ဘက်က မှားသွားပါတယ် ...မြူ ..."မြူ ဘာစကားမှမပြောပဲကုတင်ပေါ်ထိုင်ချပြီး
နေသာ့ကိုကျောခိုင်းလိုက်တယ်
နေသာ မြူ့ အနားကိုသွားပြီး
မြူ့ ရှေမှာဒူးထောက်ထိုင်လိုက်တယ်
ချစ်ရတဲ့ မြူ ရဲ့မျက်နှာလေးကို တစိမ့်စိမ့်
စိုက်ကြည့်နေရင်းနဲ့"ကိုယ့်ကိုကျောမခိုင်းပါနဲ့ မြူ ရယ်...
ကိုယ်က ယောက်ျားလေးမဟုတ်လို့လားဟင်
ကိုယ်အခွင့်အရေးယူသလိုဖြစ်သွားသလားကွာ
ကိုယ်တကယ်ပဲ အိမ်မက်မြူ ဆိုတဲ့
မြူ့ ကိုအရမ်းချစ်မိသွားလို့ပါ "
YOU ARE READING
Someone
RomanceUnicode တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။ Zawgyi တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။