Someone( 22)

8.8K 382 4
                                    


Unicode

နေသာ ဒီနေ့ နန်းကုဋေစူး တို့ ကုမ္မဏီရှိရာကို လာ
ခဲ့တယ် Baby နဲ့ ချစ်သူဖြစ်ပြီး ၃လကြာတော့ သူ
တပ်မတော်ခန်းမတစ်ခုကကုန်စည်ပြပွဲမှာ နန်းကုဋေစူး
နဲ့ ထပ်ဆုံခဲ့တယ် ။လုပ်ငန်းခြင်းလဲဆက်စပ်နေတာနဲ့
နန်းကုဋေစူး တို့ဘက်ကသွင်းတဲ့လူသုံးကုန်တွေကို
နေသာတို့ဖက်ကပြန်လည်ဝယ်ယူပြီး တဆင့်ဖြန့်တာ
ဖြစ်သလို နေသာ တို့ကုမ္မဏီ ဆီကနေ ရွှေလီဘက်
သွင်းတဲ့လျှပ်စစ်ပစ္စည်း အမျိုးပေါင်းစုံကိုနန်းကုဋေစူး
တို့ကုမ္မဏီ က ပြန်ဝယ်ယူတာမို့ နှစ်ဦးနှစ်ဖက် အကျိုး
ရှိတာကြောင့်ခုထိအလုပ်တွဲလုပ်နေတာ

ခုလဲ နန်းကုဋေစူး တိုကုမ္မဏီက ကုန်ပစ္စည်းတွေ တွေ
ပြပွဲလုပ်လို့ နေသာ့ကို ဖိတ်ထားတာနဲ့ဒယ်ဒီနဲ့အတူ
လာခဲ့တယ် ။ ခုချိန်​ထိ နေသာ Babyကို နန်းကုဋေစူး
နဲ့ အလုပ်လုပ်ဖြစ်တာကို မပြောပြဖြစ်ခဲ့ ။

ပြောရင် အကုန်ဖျက်ခိုင်းမှာ ဘာကိုမှ ရှေ့နောက်စဉ်းစားမှာမဟုတ်တဲ့ Baby အကြောင်းသူသိတာမို့။

Baby နဲ့ အတူရှိချိန် နန်းကုဋေစူး ဆီက ဖုန်းဝင်ရင်
လုံးဝကို မကိုင်ခိုင်းတာ ပြောပြမယ်လုပ်တိုင်းကို
အပြောမခံ။

ခုလိုအလုပ်တွေ တွဲလုပ်နေမှန်းသိရင် နေသာ့
ဆံပင်မွှေးပါမကျန် ဆွဲနုတ်ခံရမှာ သေချာတယ်။

နန်းကုဋေစူးတို့ရဲ့ Company ရောက်တော့ နေရာလွတ်မှာ ကားပါကင်ထိုးပြီး ပြခန်းဘက်ကို
ဒယ်ဒီနဲ့ အတူကုန်တွေကိုကြည့်တယ် ဝယ်မဲ့ ပစ္စည်းတွေ ကို တခါတည်းစာရင်းပေးလိုက်ကြတယ်

"ထွန်း ရောက်တာကြာပြီလား "

အနားရောက်ပြီး နုတ်ဆက်လာတဲ့
ကုဋေစူးကို နေသာခေါင်းညိတ့်ပြုံးပြလိုက်တယ်

"ကြာပြီမအားဘူးထင်လို့ ကုဋေစူးကိုဖုန်းမဆက်တာ"

"ခေါ်လိုက်လို့ ရတာကို အားနာရမဲ့သူတွေမှမဟုတ်တာ"

" ရပါတယ်ဗျာ ဝယ်မဲ့ပစ္စည်းတွေကို
စာရင်းပေးထားလိုက်ပြီနော်.. "

"ကျေးဇူးပါ အမြဲအားပေးနေလို့"

"မတ်ဆက်ပေးရအုံးမယ် ကျွန်တော့်
ဒယ်ဒီပါခေါ်လာတာ"

SomeoneWhere stories live. Discover now