Someone (13)

9.6K 456 3
                                    


Unicode

"ဘယ်လို ...ဘယ်လို....??
ငါမရှင်းဘူး ...."

အသံဗြဲကြီးနဲ့ ထအော်နေတဲ့ ခမ်းဦး ကို
မြူ ခေါင်းငြိမ့်ပြလိုက်တယ်

" ငါ နဲ့ နေသာယာထွန်း
ချစ်သူတွေဖြစ်သွားကြပြီလို့"

ခမ်းဦး. အံ့သြနေသလို
ဆိုင်မိန်း လဲ ခေါင်းကိုသာ ရမ်းနေတယ်

"နင် သူ့ကို အင်းလေးကိုလိုက်ပို့တယ်.....
ပြီးတော့ သူက နင့်ကို ချစ်တယ်လို့
ဖွင့်ပြောတော့ နင်က
ချက်ချင်းလက်ခံတာပေါ့ ဟုတ်လား"

ဆိုင်မိန်း ကို မြူခေါင်းညိတ်ပြပြီး

"ဟုတ်တယ် "

"ဗြန်း"

ခမ်းဦး က မြူ ရဲ့ ကျောပြင်ကို
ဗြန်းခနဲရိုက်ချလိုက်တာကြောင့်

" အား လာ
နာတယ်လေ ကောင်မ ငါ့ကို ရိုက်ရလား"

"နာပါစေ...လေ နင်က
နဲနဲလေးတောင် မမူဘူး
ချက်ချင်း ချစ်သူဖြစ်ရလား ဟိုက
နင့်ကို အထင်သေးနေမှဖြင့်"

" ဘာမှ အထင်မသေးဘူး
ငါသာ ပြန်မချစ်ရင်သူသေတော့မှာ
ငါ သူ့ကိုအရင်တွေ့ခဲ့တာတွေ ဘယ်လိုချစ်ခဲ့တာတွေ
ပြောပြတော့သူက ခုဆိုငါ့ကိုပိုတောင်ဂရုစိုက်လာတာ
အဲ့ညက ငါ သူ့ကိုချစ်တယ်လို့မပြောလို့မရဘူး
သူရှိုက်ကြီးတငင် ငိုနေတာ နဲ့ ငါလဲလေ
သူ့ကို သနားပြီး"

ဆိုင်မိန်းက မြူ့ စကားကိုဖြတ်ပြောနေတယ်

"အဲ့တော့ နှစ်ယောက်သား
ချစ်သူတွေဖြစ်သွားတယ်
ဆိုပါတော့"

မြူ ..ရှက်ပြုံးလေးနဲ့

"အေးဆို"

" မိန်း မ ရုပ်ကိုက ဖြစ်နေလိုက်တာ"

"ချစ်တာကိုးဟဲ့ "

" နင်တို့ တစ်ခန်းထဲ တည်းတာလား"

" ဟုတ်တယ် ဆိုင်မိန်း "

" မြူ ...တာချီမ .."

ခမ်းဦး ဘက်လှည့်ကာ

"ဘာလဲဟာ တာချီမ တာချီမ နဲ့
အဲ့ဒါကြီး ထဲ့မခေါ်ပါနဲ့ဆိုနင်ဟာလေ "

" နင်တို့ အတူနေပြီးပြီလား"

" ဗြန်း"

ဒီတခါ တော့ မြူ ..ခမ်းဦးကျော
ကို ရိုက်တဲ့ အသံပါ

SomeoneWhere stories live. Discover now