Unicode
" နင်ဘာလို့ငါ့ဆီဘာလို့ခဏခဏလာနေတာလဲပန်း"
"ငါပြောပြီးပြီလေ ငါနင့်ကိုချစ်တယ် အဲ့ဒါကြောင့်"
"တော်ပြီဟာ မပြောတော့နဲ."
"ငါ နင့်ဆီကအချစ်ကိုပြန်မရမရချင်း ပြောမှာပဲ
နောက်ပြီးနင်ရှိတဲ့နေရာကို ငါလာနေအုံးမှာပဲ""ကျွတ် နင်ဟာ"
"နင် အိမ်မက်မြူ ကို စိတ်မကုန်လို့လား
သူတောင်သူ့ချစ်သူနဲ့ အတူတောင်နေသွားပြီကို""ကျွတ်"
ကုဋေစူး ရှေ့မှာထိုင်နေတဲ့ ပန်းသော်တာကို စိတ်မရှည်
တဲ့ပုံနဲ့စောင်းကြည့်ကာ"ဒီမှာ ပန်း ငါ မြူ့ ကို ချစ်တယ်ဆိုတာ အရင်ကတည်း
ကပိုင်ဆိုင်ရဖို့မဟုတ်ပါဘူး သူရယ်နေတာပဲဖြစ်ဖြစ်
သူပျော်နေတာပဲဖြစ်ဖြစ် ငါမြင်နေရင်ကျေနပ်တယ်
နောက်ပြီး နေသာ ကငါ့ထက်သူ့ကိုပိုပြီး ဂရုစိုက်နိုင်
တယ် ပိုပြီးချစ်ပေးနိုင်တယ် မြူ ကလဲ အဲ့လိုဘဝလေး
မှာပျော်နေတာကို ငါကြည့်နေနိုင်ပါတယ် ငါကြည်ဖြူ
နိုင်တယ် ငါချစ်တဲ့သူပျော်ရွှင်နေတာကို ငါငေးကြည့်နေရရုံနဲ့ ငါ ... ကျေနပ်တယ် လေ ""နင် ပျော်တာကိုလဲငါမြင်ချင်တယ် ငါ့ကို
အခွင့်အရေးမပေးတော့ဘူးလား""ငါနင့်ကိုဂရုစိုက်တယ်လေ
နင်ပျော်အောင်ငါထားပေးနေတာပဲ""မဟုတ်ဘူး နင်ကငါ့ကိုအားနာလို့
လိုက်လျောပေးတာထက်မပိုဘူး"စူး ပန်းသော်တာ စကားကြောင့် တွေဝေသွားခဲ့တယ်
စူးသက်ပြင်းရှည်တစ်ချက်ချရင်း ငြိမ်နေမိတယ်
တကယ်တမ်းတော့
ဒီအတောအတွင်း မှာ ပန်းသော်တာကို ရင်ခုန်သလို
ခံစားနေရတာကြောင့်"ပန်း နင် စကားမကပ်နဲ့ နင်တောင်ကြီးပြန်ရင်
ငါလိုက်ပို့ပေးမယ်လို့ ပြောပြီးလေ နောက်ပြီး ""နောက်ပြီး ဘာဖြစ်လဲ ပြော"
ပန်းသော်တာ ရဲ့ ရွှန်းလဲ့နေတဲ့ မျက်လုံးကို စူး
စိုက်ကြည့်ရင်း" ငါလဲ နင်ကို စိတ်ချမ်းသာစေချင်တယ်
နင့်ကိုလဲ ပြန်ချစ်နိုင်အောင်ငါကြိုးစားနေပါတယ်"
YOU ARE READING
Someone
RomanceUnicode တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။ Zawgyi တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။