Unicode
လွန်ခဲ့သော သုံးနှစ်
ဖေဖေ ဦးကျော်ခေါင် နဲ့ မေမေဒေါ်အိမ်သူတို့
လမ်းခွဲလိုက်ကြပေမဲ့သမီးဖြစ်တဲ့ အိမ်မက်မြူ က
မေမေ့ဆီမှာတစ်လှည့် ဖေဖေ့ဆီတလှည့်နေခဲ့ရင်း
ဆယ်တန်းအောင်တော့တက္ကသိုလ်ကို
ရန်ကုန်မှာသာ ဖေဖေ့ဆန္ဒအတိုင်း
ဆောက်လုပ်ရေး အင်ဂျင်နီယာ
(Civil Engineer)
နည်းပညာကောလိပ်ကိုတက်ခဲ့ရတယ်
ဘွဲ့ရတော့လဲဖေဖေကသူ့ဆောက်လုပ်ရေးလုပ်ငန်းတွေကို တာဝန်ယူစေချင်လို့ ဖေဖေကျေနပ်အောင်
မြူ ...အလုပ်ဝင်ခဲ့တယ်
မေမေ ကလဲ သူ့ညီမ အပျိုကြီးနဲ့ နေတာ
အဖော်လဲရှိတာမို့ မေမေ့ကို စိတ်ချရသလို
မေမေတို့ဆီ ပြန်လည်ရင် မပျင်းရအောင်
အလုပ်လဲရှိအောင်
မြူ ..မေမေ ရဲ့ ဇာတိမြို့လေးမှာပဲ
NEO Bar ကို ဖွင့်လိုက်တယ်
မေမေ က မြူ...ရဲ့ Bar ကို ထိန်းပေးပြီး
စိုက်ပျိုးရေး လုပ်ငန်းတွေကိုသာ
လုပ်ကိုင်နေတယ်။ဖေဖေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းကိုလဲ
တောင်ကြီး အောင်ပန်း ကလော
စတဲ့ မြို့ကြီးတွေမှာအဆောက်အဦးတွေ ကို မြူ...လက်ခံပြီးတာဝန်ယူဆောက်လုပ်ပေးနေရသလို
ရန်ကုန်မှာလဲ ဖေဖေနဲ့အတူအထပ်မြင့်ကွန်ဒိုတိုက်ခန်းတွေ လုံးချင်းတိုက်တွေကို ဆောက်လုပ်ပေးရင်း
ရန်ကုန်မှာနေလိုက် နယ်မှာနေလိုက်နဲ့
မြူ ...မှာ မအား လပ်ခဲ့ပါ...
မေမေ က နောက်အိမ်ထောင်မပြုပဲနေပေမဲ့
ဖေဖေကတော့ မိန်းမများစွာနဲ့ ပွေရှုပ်နေတယ်
တခါတလေ မြူ ...နဲ့ ရွယ်တူ
မြူ...ထက် ငယ်ရွယ်သူတွေတောင်ပါသေးတယ်
ဒါပေမဲ့ မြူ...အပေါ်တော့ ဖေဖေ ဘာဝတ္တရားမှ
မပျက်ကွက်ခဲ့ လိုလေသေးမရှိအောင်ထားပေးခဲ့တယ်
မြူ ..အတွက် အဖေက ဘာပဲဖြစ်နေဖြစ်နေ
အဖေ က အဖေ ပါပဲ ...တစ်နေ့တော့ မြူ တို့ ဆိုက်ထဲက ရေပိုက်ဆင်တဲ့
အဖွဲ့ထဲက ကောင်လေးတစ်ယောက် ပိုက်ဖြတ်ရင်း
လွှက လက်ကို ထိသွားလို့
မြူ ..ဆိုက်နဲ့နီးတဲ့ .ဆေးရုံကိုအမြန်ခေါ်သွားလိုက်တယ်
ဆေးရုံရောက်တော့ လိုအပ်တာတွေ လုပ်ပေးပြီး
ပင်ပန်းလို့ မြူ...ဆေးရုံရှေ့က ပန်းခြဲထဲဆင်းကာ
လွတ်နေတဲ့ ခုံလေးမှာထိုင်ရင်း အနားယူနေမိတယ်
YOU ARE READING
Someone
RomanceUnicode တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။ Zawgyi တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။