Unicode
Honey နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း မနက်ဆို
ရင် Honey ဖုန်းဆက်နိုးမှထတဲ့တဲ့ အကျင့်လေးရနေပြီ မနက်စာ နေ့လည်စာ ညစာ စားရင်လဲ
Honey ဖုန်းဆက်သတိပေးမှ စားတတ်လာပြီ
ညရောက်ရင်လဲ Honey ဆီက Goodnight
စာကြောင်းရယ် အရမ်းချစ်တယ်လို့ ပြောသံလေး
ရယ်ကြားမှ အိပ်ယာဝင်တတ်ခဲ့ပြီ...
သူမသိပဲတစ်နေရာကို သွားမိရင် တောက်
လျောက်အိမ်ပြန်မရောက်ချင်း ဖုန်းခေါ်တာ
မြူ စိတ်မရှည်လို့ ပြန်အော်ရင် Babyကို
စိတ်မချလို့ပါဆိုတဲ့စကားကိုပြောပြီး တိတ်
ဆိ်တ်သွားတတ်တယ် သူ့ဘက်က Baby
ကိုချုပ်ခြယ်သလိုဖြစ်သွားလား လို့ အမြဲ
မေးတတ်ပါတယ် မြူ စိတ်ဆိုးမှာအရမ်းကြောက်
တဲ့ Honey က မြူ့ကိုအမြဲအလျော့ပေးတယ်
မေမေ Honey နဲ့ပတ်သက်ပြီး အနိုင်မယူဖို့
အမြဲဆုံးမတာ မေမေက Honey ဘက်ကလေ
မေမေနဲ့ Honey က အပေးအယူတည့်တဲ့
ယောက္ခမနဲ့ သမက်လောင်း ဖြစ်နေတာ
ခုလဲ လူကြုံနဲ့ Honey ကြိုက်တဲ့ ငါးဖိန်းဒုက္ခ
နဲ့ ကယားဝက်အူချောင်းတွေကို မေမေကိုယ်တိုင်
လုပ်ပြီးထဲ့ပေးလို့ မြူ ရုံးကနေအလုပ်တွေပြီးတာနဲ့
Honey တို့အိမ်ကိုကား မောင်းလာခဲ့တယ်
ကားမောင်းနေရင်း Honey ကိုနောက်ချင်စိတ်
ကအတွေးထဲရောက်လာတယ် Honey တို့
တို့ အိမ်ရှေ့ကိုမြင်နိုင်တဲ့ ခြံဘေးကပ်ရက်နေရာမှာ
မြူ ကားကိုစက်သတ်ပြီး Honey ဆီဖုန်းခေါ်လိုက်
တယ်
ဝင်တာနဲ့ချက်ချင်းဖုန်းကိုင်တာပဲ"Baby ရုံးဆင်းပြီလား"
" ရုံးဆင်းပြီလေ ခု မေမေတို့ဆီပြန်မို့ အမြန်လမ်း
မှာရောက်နေတယ် Honey ဆီကိုခုမှဖုန်းဆက်
ရတာ"" Babyနဲ့ဘယ်သူနဲ့ပြန်တာလဲ
ဘာလို့ကိုယ့်ကိုကြိုမပြောတာလဲကိုယ်ပို့ပေးမှာပေါ့"တကယ်ထင်ပြီး Honey အသံကဖုန်းထဲကနေ
တောင် ကျယ်နေတာ မြူ ပါးစပ်ကို လက်ဖြင့်အုပ်
ရင်းကျိတ်ရယ်နေတယ်"တစ်ယောက်တည်း ပဲ Honey"
"ဘာ!!!"
Honey အသံကျယ်လွန်းလို့ မြူ ဖုန်းကိုနား
နဲ့ခွာထားလိုက်တယ် ခြံထဲကိုလှမ်းကြည့်တော့
ကားသော့ကိုင်ပြီးထွက်လာတဲ့ Honey က
လက်တရမ်းရမ်းနဲ့ ဖုန်းပြောနေတာလေးကို
မြူရယ်ပြီးကြည့်နေတယ်
YOU ARE READING
Someone
RomanceUnicode တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။ Zawgyi တန်ဖိုးထားတယ် ဆိုတာ တန်ဖိုးကြီးကြီး၊ မကြီးကြီး မြတ်နိုးနေမှ တန်ဖိုးထားရာ ရောက်တယ်။