ကြိုး 💜
Chapter - 1
"သား ....!!!
မင်းကို အမား သွားခွင့်မပေးနိုင်ဘူး
သား ဝါသနာ မပါလို့ မလုပ်ချင်တဲ့ မင်းအပါး ရဲ့ company အလုပ်ကိုတောင် မလုပ်စေပဲ မင်း ကို မင်းဝါသနာ ပါတဲ့ ဆရာဝန် အလုပ်ကို ပေးလုပ်ခိုင်းပြီးပြီလေ
ဒါကို ဘာလို့ မင်းအပါး ထောင်ပေးထားတဲ့ ဆေးရုံမှာ ကောင်းကောင်း မနေချင်ပဲ
ဘာတဲ့ စစ်ဖြစ်နေတဲ့ နေရာမှာ စေတနာ့ ဝန်ထမ်း သွားလုပ်မယ် ဟုတ်လား....???
မင်းမဖြစ်နိုင်တာတွေ အမား တို့ကို မပြောစမ်းပါနဲ့ xiao zhan ရယ် "Xiao zhan ဒူးထောက်တောင်းပန်နေပင်မယ့် လွတ်ပေးဖို့ ဆန္ဒ မရှိတဲ့ Xiao မား
ဘယ်လိုအားအင်နဲ့ ဘယ်မိဘကများ
ကိုယ့်သားသမီးကို ဒုက္ခဆင်းရဲတွေကြားထဲ လွတ်ပေးရက်ပါ့မလဲ..???
တစ်နိုင်ငံလုံးမှာ Top - 10 စာရင်းဝင်
Xiao group ရဲ့ တစ်ဦးတည်းသော သား
မိုးပေါ်ကျ ရွှေကိုယ်တော်လေး
ခွဲစိတ်အထူးကု ဆရာဝန်လေး Xiao zhan
အသက် 29 နှစ်သာ ရှိသေးပေမယ့်
တည်ငြိမ်တယ် ရင့်ကျက်တယ်
စာနာတက်တယ် ထောက်ထားတက်တယ်
Xiao ပါး တည်ထောင်ပေးထားတဲ့ Xiao Hospital မှာ အေးအေးဆေးဆေး ဆေးရုံ အုပ်ကြီး လုပ်နေနိုင်ပေမယ့်
သာမန် ဝန်ထမ်းဘဝကိုသာ ခံယူထားပြီး
ရတဲ့ လစာလေးနဲ့သာ ရောင့်ရဲတင်းတိမ်နေခဲ့တဲ့ ဆရာဝန်လေးခုဟာက မဖြစ်မနေ သွားရမယ့်နေရာ
နယ်စပ်ဖက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ စစ်ပွဲတွေကြား အလုံအလောက်မရှိတဲ့ ဆရာဝန်တွေ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေကြောင့် အသက်များစွာ ပျက်စီးနေကြတဲ့ ပြည်သူတွေ အတွက်"မား...!!
မားမသွားခိုင်းလည်း ကျွန်တော် သွားရလိမ့်မယ်
ဒါဟာ အမားတို့ကို ကျွန်တော် မချစ်လို့ မဟုတ်ဖူး
တိုင်းပြည်က သင်ထားပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို အကျိုးပြုချင်လို့ပါ
မား ဒီတစ်ခါတော့ ကျွန်တော့ကို ခွင့်ပြုပေးပါ
ဒီတစ်ခါ စေတနာ့ဝန်ထမ်း အဖြစ်ပြီးလို့ ပြန်လာရင်လေ ဆရာဝန် အဖြစ်က နှုတ်ထွက်ပြီး ပါး နဲ့ အတူ Xiao group ကို ဦးစီးတော့ပါမယ်လို့ နော် မား...."Xiao Zhan ရဲ့ အမျိုးမျိုး တောင်းပန်မှုကြောင့်
နောက်ဆုံးမှာတော့ ပြန်လာရင် ဆရာဝန်အဖြစ်က နှုတ်ထွက်ပြီး
Xiao ပါးနဲ့ အတူ Xiao group ကို ဦးစီးပါတော့မယ် ဆိုတဲ့ ဂတိလေးနဲ့ သွားခွင့်ရခဲ့တဲ့ စစ်မြေပြင်လေး......
ŞİMDİ OKUDUĞUN
ကြိုး ( Completed )
Aksiyonကြိုးတစ်ချောင်းနဲ့ ချည်နှောင် ထားမယ် မင်း နဲ့ ငါ ဘယ်တော့မှ မခွဲကြေး ❤💚 ( ဒလိမ့်တုံးလေးပါ )