Seအိမ်ရှေ့ရောက်တော့ အဒေါ်ကြီးက တံခါးလာဖွင့်ပေးတော့ sehun ကို မေးမိတော့ မနေ့ထဲက အခန်းထဲကကို ထွက်မလာကြောင်း မနေ့ကလည်း အရက်တွေသောက်လာကြောင်း ဦးလေးနဲ့ အန်တီက ခရီးထွက်သွားကြောင်း စုံနေအောင် ပြောပြတာကြောင့် နားထောင်ပြီး အပေါ်ထပ်က sehun အခန်းရှိရာကို ဦးတည်လိုက်တယ်......
အခန်းရှေ့ရောက် တံခါးခေါက်လို့ လက်တောင်နီနေပြီ အထဲက အသံမကြားရတာကြောင့် တံခါးဖွင့်ပြီး အထဲဝင်သွားတော့ စောင်ကို နံဖူးနားထိ ခြုံထားတာကြောင့် စောင်ကို ဆွဲဖယ်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်......
Chan''အမလေး.......''
Se''ဟေ့ကောင် ဘာလို့ အာဗြဲကြီးနဲ့ လာအော်နေတာလဲ သူများအိမ်ကို မင်းယောကျာ်းအိမ်များ မှတ်နေလားမသိဘူး......''
Chan''ဟွန့် ငါယောကျာ်းအိမ်မဟုတ်မှန်းသိတယ် မင်းပုံစံလည်း မှန်ထဲပြန်ကြည့်အုံး ငါကမလန့်ဘဲနေမလား.....''
Se''အဲ့လောက်တောင်လား အဲ့တာ ဟိုဘိုးတော်ကြောင့် ဖြစ်တာ....''
Chan''baek hyung ကြောင့်လား ငါကိုပြောပြပါအုံး ဘာဖြစ်တာလဲ.....''
Se''မနေ့က ငါနဲ့ ချိန်းထားတာကို ဖျက်တယ်လေ သူပြောတော့ အရေးကြီး.အစည်းဝေးပွဲ ရှိလို့တဲ့လေ တကယ်တမ်းကျ သူက မိန်းခလေးတစ်ယောက်နဲ့ စားသောက်ဆိုင်ထဲကထွက်လာတာ ငါတွေ့လိုက်တယ် ငါကိုလည်း မမြင်ချင်ယောင်ဆောင်သွားတယ် အီး....ဟီး....ငါကို သူက တကယ်မချစ်ဘူး......''
Chan''မဟုတ်လောက်ပါဘူး oh se ရေ မင်းကလဲ တိတ်မငိုနဲ့ သူက မင်းကိုထားခဲ့ရင် ငါကိုယ်တိုင်သူသွားခေါ်ပြီး မင်းနဲ့ မင်္ဂလာဆောင်ပေးမှာ......''
Se''ဟင့် တကယ်လား ''
Chan''တကယ် အဲ့တာဆို ရေချိုးတော့ ဘာမှမစားရသေးဘူးမလား ငါအောက်ထပ်ကစောင့်မယ်....''
ခေါက်ဆွဲပြုတ် ဆွဲစား အိမ်မှာဘဲ oh seနဲ့အတူ အဖော်နေပေးပြီး ဂိမ်းတွေဆော့ မုန့်တွေစား အိမ်ပြန်မယ် လုပ်တော့ အိမ်ရှေ့ထိလိုက်ပို့ပေးတာကြောင့်........
Chan''သူph ဆက်လာရင် အကျိုးအကြောင်းမေးကြည့်ပေါ့ ဟုတ်ပြီလား အရင်ဒေါသမထွက်နဲ့ baek hyung က မင်းကိုချစ်ပါတယ် ဟုတ်ပြီလား......ပြီးတော့ အဲ့ဒီမိန်းခလေးက သူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်တယ်လေ.....''
YOU ARE READING
Doctor is mine
Fanfictionဒီဇာတ်လမ်းလေးက ကိုယ်ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲလေးကိုကြိုက်လို့ krisyeol ver ပြောမှီပြီးရေးထားတာပါ ဇာက်လမ်းတွဲကိုမှီပြီးရေးထားတာပါ ဝန်ခံထားတာပါ Unicode ဒီဇာတ်လမ်းလေးက ကိုယ်ကြည့်ဖူးတ့ဲ ဇာတ်လမ်းတွဲလေးကိုကြိုက်လို့ krisyeol ver ပြောမှီပြီးရေးထားတာပါ ဇာက်လမ...