မနက်ရောက်တော့ တင်းကြပ်နေအောင် ချုပ်ထားသလိုခံစားနေရသောကြောင့် မျက်လုံးကို အသာဖွင့်ကြည့်တော့ ကိုကိုရင်ခွင်ထဲရောက်နေပြီး အတင်းဖက်ထားတာကြောင့် လှုပ်လို့ပင်မရ.....မနေ့ညကတောင် အကွာကြီးအိပ်နေပြီး မနက်ရောက်တော့ ကိုကိုရင်ခွင်ထဲရောက်နေတော့ နဲနဲတော့ ကြည်နူးမိ.....
ဒါပင်မဲ့ မကြာခင် ဒီရင်ခွင်က သူဆုံးရှုံးရမှာကို တွေးမိတော့ နည်းနည်းဝမ်းနည်းမိတယ်......Kris''hey chan နိုးပြီလား ထတော့ ဒီနေ့ ကိုကိုတို့ date မယ်လို့ပြောထားတယ်လေ''
Chan''ဟင် ကိုကို....''
Kris''ကဲထ စောစောသွားရအောင် မြန်မြန်လုပ်....''
Chan''ဟုတ်.....''
အခန်းထဲကမထွက်လာသေးတာကြောင့် appaနဲ့ ဧည့်ခန်းထဲမှာ စကားပြောရင်း ထိုင်စောင့်နေတုန်း ဧည့်ခန်းထဲကို ဝင်လာတဲ့ chan လှတယ် ဆိုတာ ယောကျာ်းလေးတစ်ယောက်ကို သုံးမိရင် ကိုယ်မှားလား အပြာနုရောင် long coat နဲ့ အောက်က ဂျင်းပြဲကို တွဲဝတ်ထားတဲ့ chan က အရမ်းကိုလိုက်ဖက်နေတယ် ဖြူ ဥနေတဲ့ အသားရေလေးနဲ့ နီရဲပြီး နှင်းဆီဖူးလို လှနေတဲ့နှုတ်ခမ်းပါးလေးတွေ နှခေါင်းလုံးလုံးနဲ့ ပန်းနုရောင်သန်းနေတဲ့ ပါးပြင်လေးတွေကြောင့် ကိုယ်မှာ အသက်ရှုရပ်မတက်........
Tao''အသက်လေဘာလေးရှုပါအုံးသားရေ chanလေး ရှက်နေပြီ....''
Kris''ဟာ appaကလည်းဗျာ...''
Tao''ကဲကဲ သွားကြ သွားကြ
Kris''အဟမ်း....သွား... သွားမယ်လေ....''
Chan''ဟုတ်....''
ကားတံခါးဖွင့်ပေးတော့ အံ့သြနေတဲ့ မျက်နှာလေးနဲ့ ကားထဲဝင်ပြီးတော့ ဒီတိုင်းထိုင်နေတာကြောင့် မျက်နှာလေးကို ကြည့်လိုက်တော့ တစ်ခုခု ဆုံးရှုံးရမှာကို စိုးရိမ်နေတဲ့ chanကြောင့် ကိုယ်တိုင်ဘဲ ခါးပတ်ပတ်ပေးပြီး ကားသာမောင်းလာခဲ့လိုက်တယ်.....ညတုန်းက စီစဉ်ထားတဲ့အတိုင်း ပန်းခြံထဲက ကော်ဖီမှာ မနေ့ထဲ စီစဉ်ခိုင်းပြီးသား........တစ်ဆိုင်လုံးကြိုငှါးထားပြီး အပြင်အဆင်တွေကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားတာမို့ chan ကြိုက်မှာပါ.......
YOU ARE READING
Doctor is mine
Fanfictionဒီဇာတ်လမ်းလေးက ကိုယ်ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲလေးကိုကြိုက်လို့ krisyeol ver ပြောမှီပြီးရေးထားတာပါ ဇာက်လမ်းတွဲကိုမှီပြီးရေးထားတာပါ ဝန်ခံထားတာပါ Unicode ဒီဇာတ်လမ်းလေးက ကိုယ်ကြည့်ဖူးတ့ဲ ဇာတ်လမ်းတွဲလေးကိုကြိုက်လို့ krisyeol ver ပြောမှီပြီးရေးထားတာပါ ဇာက်လမ...