23

759 92 25
                                    

မနက်စာစားပြီ သူသွားချင်တဲ့ ကစားကွင်းရောက်တော့ အရမ်းပျော်ပြီး ခုန်စွခုန်စွလုပ်နေသေးတာ roller coaster စီးမယ်ဆိုတော့ ခေါင်းပြုတ်ကျမတက် အတင်းခါရမ်းနေတာကြောင့် မနည်းဆွဲခေါ်ခေါ်သွားရသေးတယ်......။

Chan''ကိုကိုရေ chan တကယ်မစီးရဲဘူးဆိုနော်....''

Kris''မကြောက်ပါနဲ့ကွာ ကိုကိုပါတာကို....''

Chan''chan အော်ငိုမှာနော် မစီးဘူးဆို..... ''

စမထွက်ခင်ထဲက လက်ဖျားတွေအေးစက်နေပြီး တုန်နေကတည်းက chan ဘယ်လောက်ကြောက်နေလဲပေါ်လွှင်နေပြီ ကိုယ်ကစချင်လို့သာအတင်းခေါ်လာတာ စချင်တာထက် အလှတရားကိုပြချင်တာပါ......

Chan''အား.....omma ကယ်ပါ အီး.....ဟီး.....''

Kris''ဟားဟား....chan အော်လိုက်လေ စိတ်ထဲပေါ့သွားအောင် ပြီးရင်မျက်လုံးဖွင့်ကြည့်....''

Chan''အား.... ကြောက်ပါတယ်ဆိုနေ အား ဇောက်ထိုးဖြစ်နေပြီ..... ကယ်ကြပါ...... ''

Kris''ကိုယ်ပြောတာကိုယုံ မျက်လုံးဖွင့်ကြည့် ဟားဟား.....''

Chan''ကြောက်ပါတယ်ဆို အား..... ဘာလို့မျက်လုံးဖွင့်ခိုင်းနေတာလဲ အရူးကြီးရဲ့ အီး....ဟီး.....''

မျက်လုံးစုံမှိတ်ပြီး ကိုယ့်လက်တစ်ဖက်ကိုပါ ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီ အော်နေတဲ့ chan ပုံစံလေးက အရမ်းအသည်းဖို့ကောင်းတာ.........

Kris''chan ကလေး မျက်လုံးဖွင့်ပါအုံး အောက်ရောက်ပြီလေ.... ''

Chan''ကိုကို စနေတာမလား....''

တော်တော်ကြောက်သွားပုံဘဲ အသံတွေပါတုန်နေတာ ကိုယ်သူမစီးချင်တာကို အတင်းဆွဲခေါ်တာ အရမ်းများ မှားသွားပြီလား....

Kris''ကိုကိုမစပါဘူးကွာ မျက်လုံးလေးဖွင့်ကြည့်....''

ဖွင့်ကြည့်လာပုံလေးက ကလေးတွေ မအိပ်ချင်တာကို အိပ်ချင်ယောင်ဆောင်ကာ အရိပ်အခြေကြည်နေသလိုမျိုး မျက်လုံးတစ်ဖက်တည်းကို ဖြေးဖြေးလေးဖွင့်ပြီးမှ အသက်ပြင်းချကာ မျက်လုံးနှစ်ဖက်လုံးဖွင့်လာလေရဲ့ မဖက်နှာလေးလည်း ဖြူဖတ်လို့....

Chan''ဟူး တော်ပါသေးတယ်..... ''

Kris''လာ ဖြေးဖြေးဆင်း....''

Doctor is mineWhere stories live. Discover now