Unicode
"Hello ..ညီမလေးရေ..Mydayမှာ တင်ထားတဲ့ ပန်းလေးက ဘာပန်းလေးလဲဟင်.."
"နေကြာပန်းပါရှင်"
"ဟုတ်လား..နေကြာနဲ့သိပ်မတူဘူးနော်"
"ညီမရိုက်လိုက်တာ အဆင်မပြေဖြစ်သွားလို့ ပန်းက ဘာပန်းမှန်းမသိတော့တာထင်တယ်"
"မဟုတ်ပါဘူး ညီမလေးရဲ့..လှပါတယ် ..ရိုက်ထားတာ.."
"၀ိုး..တကယ်လား."
"အင်း..မမကြည့်မိတော့ နေကြာနဲ့တူပြီး အထဲက ၀တ်ဆံမဲမဲလေးတွေမတွေ့မိလို့လေ..အဲ့ဒါကြောင့်မေးကြည့်တာ"
"အင်း ဟုတ်တယ် မမရဲ့..ညီမလေးတို့အိမ်မှာဟိုနေ့ထဲက ပွင့်နေတာလေ..အဲ့ဒါ အခုညမှ ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာလို့ ခြံထဲဆင်းရိုက်ပြီး Mydayမှာတင်လိုက်တာ."
"နေကြာကို အိမ်မှာစိုက်ထားတာလား"
"ဟုတ်တယ်မမရဲ့..ညီမက နေကြာအရမ်းကြိုက်တာ..အဲ့ဒါမေမေ့ကိုပြောလွန်းလို့ မေမေက သူများဆီကမျိုးတောင်းပြီး အိမ်မှာပျိုးထားတာလေ"
"ဟုတ်လား...တော်တော်များများကအိမ်မှာနေကြာသိပ်မစိုက်ကြဘူးလေနော်..အိမ်မှာအလှစိုက်တဲ့သူရှားတယ်"
"အင်း..ညီမက နေကြာဆိုအရမ်းကြိုက်..အခန်းထဲမှာလဲ နေကြာပန်းပုံတွေနဲ့အလှဆင်ထားတာ...မမကို ပုံပို့ပေးမယ်"
"Wow..အရမ်းမိုက်တယ်နော်...တစ်ခန်းလုံးနေကြာပန်းပုံတွေအပြည့်ပဲ..အိပ်ရာခင်းလေးက နေကြာပန်းခင်းပုံလေးနဲ့အရမ်းလှတာပဲ"
"ဟီး..နေကြာ crazyတစ်ယောက်ပါ..အလေ့ကျပေါက်နေတဲ့နေကြာသေးသေးလေးတွေဆိုအရမ်းကြ်ုက်"
"မမက နေကြာအပွင့်ကြီးတွေကိုကြိုက်တယ်..တစ်ပွင့်တည်းကိုပဲကြိုက်တာ"
"လူတွေကလေ အလေ့ကျပေါက်နေတဲ့နေကြာပွင့်လေးတွေကိုတန်ဖိုးမထားကြဘူး...အရမ်းပေါများနေလို့လေ..အခုနဲနဲရှားလာတော့မှသာ နေကြာ.နေကြာနဲ့ဖြစ်နေတာ"
"အင်း..ဒီလိုပါပဲ..ညီမလေးရဲ့ ..လူတွေကအရမ်းပေါများလွန်းနေရင် တန်ဖိုးမထားတတ်ကြဘူး..ရှားပါးသွားတော့မှသာ အဖိုးတန်ပစ္စည်းအဖြစ်နဲ့ပြတိုက်ထဲထည့် သောခတ်ပြီးသိမ်းထားချင်ကြတာ"
"အင်း..အဲ့ဒါတော့အမှန်ပဲမမရေ...ပစ္စည်းတင်မဟူတ်ဘူး..လူတွေကိုလဲ အဲ့လိုပဲ"
"အင်း ဟုတ်တယ်..အချစ်ရေးကို ခံစားကြတဲ့သက်ရှိလူတွေကိုလဲအဲ့လိုပဲ..အချစ်တွေအကြင်နာတွေပေါများ ဂရုစိုက်လွန်းပီး နားလည်အနစ်နာခံချစ်ပေးတဲ့သူတွေကိုဆို တန်ဖိုးမထားဘဲပစ်ချခံရတာတွေချည်းပဲ...သူတို့ကို ပစ်ပစ်ခါဆက်ဆံ သူတို့အနားမရှိနိုင်တော့မယ့်သူကိုမှ ချစ်ချင်တန်ဖိုးထားချင်လာကြတာ..သဘာ၀လိုတောင်ဖြစ်နေပီ..အနားရှိနေတုန်းတန်ဖိုးမထားဘဲ..မရှိတော့မှ ချစ်လှပါပီ..လွမ်းပါပီ..ပြန်လာခဲ့ပါတော့ ဆိုပြီးသည်းသည်းလှုပ်နေကြတာ...တန်ဖိုးထားတတ်တဲ့သူလက်ထဲမှာဆိုရင်တော့ ၁၅၀၀တန် ကတ္ထီပါဖိနပ်လေးကိုတောင် သိန်းသန်းပေါင်းများစွာတန်တဲ့ အဖိုးတန် စိန်စီဖိနပ်လေးအဖြစ်နဲ့ တယုတယသိမ်းဆည်းထားမှာပဲ..အဲ..ဒါပေမဲ့နော် တန်ဖိုးမထားတတ်တဲ့သူရဲ့လက်ထဲမှာတော့ အရာရာတိုင်းကတန်ဖိုးမဲ့နေမှာပဲ..."
"ဟာ...မမက စာရေးတဲ့သူလို့ကို မပြောရဘူးနော်..စာသားတွေကအလန်းပဲ..မမရဲ့စကားတွေနဲ့တင် ညီမလေးရဲ့အရင်ကအကြောင်းတွေကိုတောင်ပြန်မြင်ယောင်သွားတယ်"
"မမက ဖြစ်နေတာတွေကိုပြောပြတာပါညီမလေးရဲ့"
"အင်း..မမရေးထားတဲ့ ၀တ္ထုတိုလေးကိုလေ အရမ်းကြိုက်တယ်သိလား..တကယ်ပဲရင်ထဲမှာ နင့်၀င်ခံစားမိတယ်"
"ဟုတ်လား..ကျေးဇူးတင်ပါတယ်နော်..မမကလေ ၀တ္ထုတွေလဲ မဖတ်ဖူးသလိူ ၀တ္ထုလဲတစ်ခါမှမရေးဖူးဘူး..အဲ့ဒါလေးက မမပထမဆူံးရေးဖူးတာ..GL fictionလေးဆိုတော့ မမနဲ့စိမ်းနေတာကြောင့် ကြောက်နေမိခဲ့တာ.."
"ဘာမှမကြောက်နဲ့ မမ..ရေးသာရေး..မမရေးတာတကယ်ကောင်းတယ်...သဘာ၀လဲကျတယ်..."
"ထပ်ပြီး ကျေးဇူးတင်ပါတယ်ရှင်"
"ညီမလေးက lesbianတစ်ယောက်ပါ..မိန်းကလေးချင်းတွဲနေတာလေ..အဲ့တော့ Glဇာတ်လမ်းလေးတွေဖတ်ရတာ သဘောကျတယ်.."
"အင်း.ညီမလေး မမကို facebookမှာလာအပ်ထဲက...ညီမတို့အတွဲကို မမ facebookမှာ သတိထားမိတယ်"
"အင်း..ဟုတ်တယ်မမ..ညီမတို့တွဲနေတာကြာပါပီ...ပျော်စရာတွေရော စိတ်ညစ်စရာတွေ ၀မ်းနည်းစရာတွေ အပြစ်တင်ရှုံချခံရတာတွေရော အများကြီးပဲ ကြုံခဲ့ရဖူးတယ်..ညီမလေးတို့က LGBTQထဲက တစ်ယောက်ဖြစ်နေလို့လေ..ညီမတို့နေတဲ့ပတ်၀န်းကျင်ကလဲသိပ်ပြီးလက်မခံချင်ကြဘူး..တစ်ခါတစ်လေ ညီမတို့ကအပြစ်ရှိတဲ့သူတွေ လူတွေကျင့်၀တ်နဲ့မညီတဲ့သူတွေလို့တောင်ခံစားရတယ်"
"အဲ့လိုမျိုး ဘယ်တော့မှမခံစားမိပါစေနဲ့ညီမလေး.LGBTQဆိုတာလေ လူတွေထဲက လူ့အဖွဲ့အစည်းတစ်ခုပါပဲ...အားလုံးက အချစ်နဲ့ခံစားချက်ချင်းထပ်တူကျနေတဲ့သူတွေချည်းပဲ..LGBQဖြစ်နေလို့လဲ ဘာမှအားငယ်နေစရာမလိုဘူး..ကိုယ့်ကိုကိုယ်အပြစ်ရှိသလိုခံစားနေစရာလဲမလိုဘူး..သူများအတင်းပြော သူများဘ၀ကို၀င်စွက်ဖက်ပီး အပြစ်တင်ကဲ့ရဲ့နေကြတဲ့သူတွေကသာ လူ့ကျင့်၀တ်နဲ့မကိုက်ညီတဲ့သူတွေပဲ..ညီမလေးမှတ်ထားရမှာက ညီမလေးက အချစ်အတွက်Gender တွေဘာတွေကိုမကြည့်ဘဲ အချစ်ကို ချစ်တတ်တဲ့နှလုံးသားနဲ့လူသားတွေထဲကလူသားတစ်ယောက်ကိုချစ်ဖို့ရွေးချယ်ခဲ့တာ....ညီမရွေးချယ်မှုကို သဘောကျလက်ခံပြီးပျော်ရွှင်ရရင် ညီမရဲ့ ရွေးချယ်မှုက မှန်ကန်တာပဲ..အဓိက က ကိုယ့်ကိုကိုယ်ကောင်းသောလက်ခံခြင်းနဲ့လက်ခံပြီး ကိုယ့်ရဲ့ရွေးချယ်မှုက တစ်ခြားသူတွေကိုမထိခိုက်စေဘဲ ကိုယ့်အတွက်မှန်ကန်နေရင်ရပီ"
"မမရဲ့ စကားတွေက အားရှိလိုက်တာ..မမ စာများများရေးနော်..ညီမလေးအမြဲအားပေးနေမယ်..ဇာတ်လေးအသစ်လေးဘယ်တော့ရေးမလဲ..မမ"
"ဇာတ်လမ်းလေး တစ်ခုတော့စဥ်းစားထားတာရှိတယ်..ရေးတော့မရေးဖြစ်သေးဘူး"
"ဟုတ်လား..မမ.. lesbianတယောက်နဲ့ဆိုင်တဲ့အကြမ်းဖျင်းလေးတွေကုန်ကြမ်းလေးတွေသိချင်ရင်ညီမလေးကို မေးလို့ရတယ်နော်မမ..ညီမသိသလောက်ပြောပြပေးမယ်....ညီမလေးရဲ့ ကိုယ်တွေ့တွေရှိတယ်"
"ဟုတ်ပါပီရှင်"
"နားထောင်နေရင်း ငိုပါငိုသွားနိုင်တယ်နော်..မင်းသမီးကတော့ ဟောဒီကညီမလေး ကွျန်မပေါ့ရှင်..."
"ဖြစ်ရပ်မှန်ရင်တွင်းဖြစ်လေးတွေပေါ့လေ"
"အင်းပေါ့...မမသာ ရေးပေးမယ်ဆိုရင် အရမ်းကိုကျေးဇူးတင်မိမှာ"
"တကယ်ရေးခွင့်ရှိမလား..."
"တကယ်ပါ မမရဲ့..အမှတ်တရလေးတစ်ခုအဖြစ်နဲ့ရှိနေစေချင်လို့"
"မမရေးလိုက်လို့ ဇာတ်လမ်းပေါ့သွားရင် ဘယ်လိုလုပ်မလဲ"
"မမကို ယုံလို့ ညီမလေးက ပေးရေးတာပါ.."
"ဒါဆို မမ ညီမလေးရဲ့အချစ်ပုံပြင်လေးသိခွင့်ရှိမလား"
ဟာ..ပြောပြမှာပေါ့..အခုတောင်ပြောပြချင်နေတာ..အခုက Messengerမှာဆိုတော့ စာနဲ့ရိုက်ပြီးပြောပြရမလား..Voice Messageနဲ့ပို့ပေးရမလား"
"ညီမလေး အဆင်ပြေသလိုပြောပြပေးလေနော်... "
"ဟုတ် မမ .ဒါဆို Voice Messageလေးနဲ့ပြောပြမယ်နော်..အသံလေးကိုတော့ နဲနဲသည်းခံပြီးနားထောင်ပေးနော်"
"အင်း..ညီမလေး.."
"ညီမလေးတိူ့ ဇာတ်လမ်းလေးက ဒီလိုလေးစခဲ့တာမမရယ်...အဲ့ဒီနေ့ကပေါ့ ......."
YOU ARE READING
To Tear Between
Romanceလေပြေကို အမြဲနာကျင်အောင်လုပ်ခဲ့တဲ့ လေပြေချစ်ခဲ့ရတဲ့သူ နဲ့ လေပြေအတွက်ဆို အရာရာနားလည်ပေးပြီးအမြဲအသင့်ရှိနေပေးတတ်တဲ့ လေပြေကိုအရမ်းချစ်တဲ့သူ.....ဘယ်သူ့ကိုလေပြေရွေးချယ်ရမှာလဲ..စိတ်တွေအရမ်းရှုပ်ထွေးလာပြီ...နှစ်ယောက်လုံးကို လက်လွှတ်ပြီး သ...