အပိုင်း ( ၂ )

532 31 0
                                    

Unicode

"ဒီလမ်းမကြီးက မဲ​နေ​လဲ...ဒီလမ်းမကြီး​ပေါ်​ရောက်​နေတယ်.....အသားမဲတယ်ဆိုတာ....အရူးလိုပဲကွာ..​လေ​ပြေရယ်...မင်းသိပ်မဲနိုင်တယ်🎶🎶🎶"

-​လေ​ပြေတစ်​ယောက် မုန့်စားဆင်းချိန် အဌမတန်း (ခ)အခန်း​ရှေ့မှာ သူငယ်ချင်းဖြစ်သူ မာယာချို ကိုလာ​စောင့်​နေတုန်း...ကြားလိုက်ရတဲ့သီချင်းသံက ​လေ​ပြေကို ​​ဒေါသအမျက်​​ထောင်း​ထောင်းထွက်​စေသည်...​လေ​ပြေက ​မွေးကတည်းက ညိုပြာညက်​လေးမို့ အိမ်ကလူကြီး​တွေက ထန်းညက်ခဲ​လေး ဆိုပြီးစ​နောက်​ခေါ်ခဲ့ကြသည်..ဒါကို​လေ​ပြေက သ​ဘောမ​တွေ့ ..သူ့ကိုအသားမဲတယ်​လို့ပြောတဲ့သူတိုင်းကိုလဲစိတ်ဆိုးတတ်​လေသည်..အခု​တော့...သူကြားလိုက်ရတဲ့သီချင်းသံက သူ့ကို​စောင်း​မြောင်းဆို​နေဟန်.....

"ဒါ..ငါ့ကို​စောင်းဆို​နေတာပဲ....ဘယ်သူလဲ ငါ့ကို​စောင်းဆို​နေတာ..အခန်းထဲ၀င်ကြည့်အုံးမယ်..ငါ့အ​ကြောင်း​ကောင်း​ကောင်းသိ​စေရမယ်.."

-​လေ​ပြေ​တွေ့လိုက်ရတာက ပြတင်း​ပေါက်​ဘေးနားမှာ ထိုင်ပြီး သီချင်း​အော်ဟစ်ဆို​နေတဲ့​ကောင်မ​လေးတစ်​ယောက်..ဆံပင်ဂုတ်၀ဲ​လေးနဲ့...အသားဖြူဖြူ ကိုယ်လုံးကိုယ်​ပေါက်​တောင့်​တောင့်နဲ့...​..မျက်နှာကို​တော့​သေချာသတိမထားမိသေး....
လောကကြီးကို ​မေ့ပစ်ပြီး စိတ်​ပျောက်လက်​ပျောက်နဲ့ သီချင်း​တွေဆို​နေ​လေသည်...အခန်းထဲမှာ သူငယ်ချင်း​တွေသူ့အုပ်စု..ကိုယ့်အုပ်စုနဲ့အတူ ထမင်းစုစား​နေကြ..စကား​ပြော​နေကြ​သော်​လည်း....ထို​ကောင်မ​လေး​ဘေးမှာ​​တော့ မည်သူတစ်ဦးတစ်​ယောက်မှမ​တွေ့....

"​အော်..ငါ့ကို​စောင်းဆို​နေတာသူကိုး..သူကအသားဖြူတယ်ဆိုပြီး​တော့ ငါ့ကိုလာနှိမ်ပီးဆို​နေတာ...အဲ့ဒါ​ကြောင့် သူ့အနားမှာဘယ်သူငယ်ချင်းမှမရှိတာ...ငါ့ကိုအဲ့လိုမျိုးစ​တာ ငါမ​ကျေနပ်ဘူးဆရာမနဲ့သွားတိုင်​ပြောမယ်"

ဒီလိုနဲ့ ​လေ​ပြေ တ​ယောက် ထို​ကောင်မ​လေးနားသိူ့​လျှောက်လာခဲ့သည်...

"ဟဲ့..ဒီမှာ...နင်ဘာလို့ ငါ့ကိုစောင်းဆို​နေရတာလဲ"
"......"
"ဟဲ့..ငါ​ခေါ်​နေတယ်​လေ..ဆိုတုန်းကဆိုပီး အခုမှမသိချင်​ယောင်လာ​ဆောင်မ​နေနဲ့...နင်နားမကြားဘူးလား..."
"ဘာလဲ..နင်နဲ့ငါသိလို့လား"

To Tear BetweenWhere stories live. Discover now