အပိုင်း ( ၈ )

692 20 3
                                    

" အ​မေတို့က အိမ်​တောင်​ပြန်​ရောက်​နေကြပြီလား...အ​စောကြီးရယ်"

"​ ​အေး"

(​လေ​ပြေ - ​မေကြီးနဲ့ဖေကြီး မျက်နှာက တစ်ခုခုကို​ဒေါသထွက်​နေတဲ့ပုံပဲ...ငါ စာမသင်ဘဲနဲ့ အပြင်သွားတာ သိသွားလို့များလား...ငါ ​မေကြီးတို့ကို မျက်နှာချို​သွေးမှ)

"ဒီ​နေ့ ​မေကြီးတို့လိုအပ်တဲ့ ပစ္စည်း​တွေ အကုန်ရခဲ့လား"

"အင်း...သမီးက ဘယ်က​နေပြန်လာတာလဲ..လှပ​နေလို့ပါလား...အပြင်​လျှောက်သွားပြီးပြန်လာတာလား..ဒီ​နေ့စာသင်ရတယ် မဟုတ်ဘူးလား"

"ဟုတ်တယ် ​ဖေကြီး..သမီး ဆရာမကို ပြန်လိုက်ပို့​ပေးတာ..ဆရာမကလဲ သမီးကို မုန့်လိုက်၀ယ်​ကျွေးမယ်​ပြောလို့​လေ..အဲ့ဒါ​ကြောင့်...."

-​လေ​ပြေ စကား​တောင် မဆူံးလိုက်​​ပေ..အ​ဖေဖြစ်သူရဲ့ တည်ငြိမ်​အေးစက်​နေတဲ့ စကားသံ​ကြောင့် ​လေ​ပြေ ​ကျောချမ်းသွားရသည်..

"သမီး..​ဒီမှာလာထိုင်အုံး..​ဖေ​ကြီး သမီးကို ​ပြောစရာရှိတယ်.."

"ဟုတ်..ဟူတ်ကဲ့"

"​​ဖေကြီးတို့ ဒီ​နေ့ ဘယ်က​နေပြန်လာတာလဲ သိလား"

"​ဖေကြီးနဲ့​မေကြီးတို့က ဆူး​လေဘက်သွားတာမဟုတ်ဘူးလား"

"အင်း..ဟူတ်တယ်..​ဖေကြီးတို့ ဂမုန်းပွင့်လဲ ​ရောက်ခဲ့တယ်..​နောက်ပြီး သမီးကိုပါ ​အဲ့မှာတွေ့ခဲ့တယ်"

"သမီးနဲ့ဆရာမနဲ့က အဲ့ကိုမသွားပါဘူး ​ဖေကြီးရဲ့..​ဖေကြီးတို့ လူမှားတာထင်တယ်"

"ကိုယ်​​မွေးထားတဲ့ သမီးကို တစ်ခြားလူနဲ့မှားရ​လောက်​အောင် ​မေကြီးတ်ု့ မျက်စိမမှုန်​သေးဘူး..​လေ​ပြေ...​မေ​ကြီး တည့်ပဲ​မေးမယ်..အဲ့​ကောင်​လေးက ဘယ်သူလဲ..ဘယ်ကလဲ"

"ဘယ်​ကောင်​လေးလဲ ​မေကြီးရဲ့..​သမီးမှာ ဘာ​ကောင်​လေးမှမရှိပါဘူး"

"​မေကြီးတို့ကို ဘယ်အချိန်ထိညာ​နေမှာလဲ သမီး..ဆရာမကိုဖုန်းဆက်ပြီး ​​အတန်းပိတ်ခိုင်းတာ ​မေကြီးတို့သိပြီးပြီ..​သမီးကို အဲ့​ကောင်​လေးနဲ့လဲ အပြင်မှာတွဲမြင်ခဲ့ပြီးပြီ..သမီးက ဘာကိုလိမ်ချင်​​သေးတာလဲ"

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 27, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

To Tear BetweenDonde viven las historias. Descúbrelo ahora