အပိုင်း ( ၆ )

325 23 2
                                    

Unicode

-မနက်အိပ်ရာထ​​နောက်ကျတတ်တဲ့ ​လေ​ပြေတစ်​ယောက် ဒီ​နေ့​တော့ထူးထူးခြားခြားအ​စောကြီးနိုး​နေ​လေသည်....အ​ကြောင်းက​တော့ အချစ်ရဲ့နှလုံးခုန်သံ​တွေနဲ့သံပတ်​ပေးထားတဲ့ နှိုးစက်နာရီ​လေး​ကြောင့်ပင်....

(လေ​ပြေ - အမယ်​လေး..​အစ်မ​တော်လေ​ပြေ...အချစ်ရဲ့စွမ်းအားက တကယ်ကြီးပါလား​နော်. အရင်က ငါ့အ​မေကြိမ်လုံးနဲ့​ဆော်ပြီး နှိုးတာ​တောင် အိပ်မက်ကမ္ဘာ​ထဲလည်​နေတဲ့ငါ​လေးက...အခု​တော့....ညှို့ဆီကို စာပို့ဖို့ အ​စောကြီးနိုး​နေတာတဲ့လား....ညှို့​တော့ မနိုး​လောက်​သေးဘူးထင်တယ်..မနက်​ခြောက်နာရီပဲရှိ​သေးတယ်...အခုချိန် ဖုန်း​ခေါ်လိုက်ရင် သူနိုးသွားမလား မသိဘူး..ငါ့​ကြောင့်အိပ်​ရေးပျက်​နေပါအုံးမယ်..​တော်ကြာ ချစ်သူဖြစ်ပြီး ပထမဆုံးတစ်ရက်နဲ့တင် ငါ့ကိုစိတ်ပျက်သွားအုံးမယ်..ငါ လုပ်စရာရှိတာလုပ်ထားပြီး သူနိုး​လောက်မယ့်အချိန်ထိပဲ​စောင့်​နေလိုက်တာပဲ​ကောင်းပါတယ်....)

-​နောက် ၂နာရီ​လောက်​နေ​တော့....​လေ​ပြေထံ ဖုန်း၀င်လာသည်....

" Hello ....Morning ​လေ​ပြေ"
"ဟယ် ညှို့...​လေ​ပြေ အခုပဲ ဖုန်း​ခေါ်​တော့မလို့..ညှို့က ဦးသွားတယ်ကွာ"
"ဟုတ်လို့လား..​လေ​ပြေက အိပ်ပုတ်က​လေးမ လား..အခု ညှို့ဖုန်း​ခေါ်မှနိုးသွားတာမလား"
"မဟုတ်ဘူး ​ညှို့ရဲ့...​လေ​ပြေနိုး​နေတာကြာပြီ..​ညှို့မနိုး​လောက်​သေးဘူးထင်လို့ ထိုင်​စောင့်​နေတာ.."
"ဆင်​ခြေ​တွေပါ​နော်...ဒီက​တော့ တစ်ညလုံးအိပ်လို့မ​ပျော်ဘူးသိလား...​လေ​ပြေ​ကြောင့်"
"ဘာလို့လဲ ညှို့ရဲ့"
"​ညက ပြတင်း​ပေါက်တံခါးဖွင့်အိပ်တယ်​လေ"
"အဲ့ဒါ ​လေ​ပြေနဲ့ ဘယ်လိုများသက်ဆိုင်သွားတာ​တုန်း...ညှို့ရဲ့...."
"ဆိုင်တာ​ပေါ့...​လေ​ပြေ​လေးရဲ့..တံခါးဖွင့်အိပ်​တော့ ​လေ​ပြေ​အေး​အေး​လေး​တွေတိုက်တယ်​လေ..​လေ​ပြေတစ်ချက်​ေ၀ှ့တိုင်း ​လေ​ပြေ့မျက်နှာ​လေးမြင်​ယောင်လာတယ်...​လေ​​ပြေ​လေး​တွေတိုက်တဲ့အခါ ညှို့ရဲ့အပြင်ပိုင်းကိုပဲ​အေးမြ​စေတယ်....ဒါ​ပေမယ့် ​လေ​ပြေ​လေးရဲ့အပြုံး​လေး​တွေက​တော့ ညှို့ရင်ထဲထိကို​အေးမြ​စေတာ...​အဲ့လိုနဲ့ပဲ..လေ​ပြေ့ကို​တွေးရင်း...မိုးလင်းသွားတာပဲ"
"အယ်...​ပြောတတ်ပါ​ပေ့​နော်... ​လေ​ပြေက ညှို့ကို Morningပါလို့ အရင်ဆုံး​ပြောချင်တာ အခု​​တော့..."
"မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း ကိုယ်ချစ်တဲ့သူရဲ့မျက်နှာ​လေးကိုမြင်ရတာက တံခါး​ပေါက်ကိုဖွင့်ဖွင့်ချင်း သာယာ​နေတဲ့ သဘာ၀တရားကြီးကိုမြင်ရတာထက် အဆတစ်ရာမက ပိုလှတယ်တဲ့....ဒါ​ပေမဲ့..ညှို့တို့က အတူ​နေတာမဟုတ်ဘူး​လေ...အဲ့​တော့ ဖုန်း​လေးနဲ့ပဲ ကိုယ်ချစ်ရတဲ့သူ​​လေးကို အချစ်စကား​လေး​တွေ အရင်ဆုံးပို့​ဆောင်​ပေးရသူက ညှို့ပဲဖြစ်ပါရ​စေ​နော်"
"ဟုတ်ပါပီ​ရှင်...အရမ်းချစ်တယ်​နော်..ညှို့..."
"ညှို့ကို ညှို့လို့မ​ခေါ်ပဲ...ကို လို့​ခေါ်ပါလား..ညှိူ့က အရင်ကလို မိန်းက​လေးပုံစံမှမဟုတ်တာ​လေ​နော်.."
"အာ...အဲ့လိုကြီး ​ခေါ်ချင်ပါဘူး..အသည်းယားစရာကြီး"
"​ခေါ်ပါ​...လေ​ပြေရဲ့​နော်..."
"ဒါဆို ကိုကိုညှို့လို့​ပဲခေါ်မယ်​လေ ချစ်စနိုး​​လေးနဲ့...ဟုတ်ပီလား..ဘယ်သူမှလဲအဲ့လိုမ​ခေါ်ဘူးမလား"
"အင်း..​အင်း..လေ​ပြေ သ​ဘော"
"ဟီး..."
"​လေ​​ပြေ မနက်စာ စားပြီးပြီလား"
"အင်း..ခုနကပဲစားပြီးတာ..ညှို့​ရော"
"ဘာ ညှို့လဲ..."
"ကိုကိုညှို့​ရေ...စားပြီးပြီလားလိူ့"
"စား​ရ​သေးဘူး..မျက်နှာ​တောင်မသစ်ရ​သေးဘူး..ခုထိအိပ်ရာထဲမှာ..."
"ဟာ...ညစ်ပတ်ကြီး..နိုး​နေတာကိုမျက်နှာမသစ်ဘူး..အပျင်းထူနေတယ်..အခုမျက်နှာသွားသစ်​တော့"
"အင်းပါ..ဟုတ်ပါပီ....​ဒါနဲ့​​လေ...​လေ​ပြေ ညကျရင် ကိုမအားလိူ့ ကို့ဆီဖုန်းမဆက်နဲ့​နော်"
"ဘာလုပ်စရာရှိလို့လဲ ကိုကိုညှို့ရဲ့...အိပ်ခါနီးခန​လေး​တွေ​​ေတာင်ဆက်လို့မရဘူးလား.."
"မရဘူး...​​ပြောထားရအုံးမယ်..​လေ​ပြေနဲ့ ကို မနက်ပိုင်း​လောက်ပဲ ဖုန်း​ပြော​ပေးနိုင်မယ်..ညဘက်ဆို အလုပ်ရှိလို့"
"ဘာအလုပ်မို့လဲ"
"ကိုယ်​ရေးကိုယ်တာကို စပ်စုတာမျိုး ကိုမကြိုက်ဘူး
.​နောက်ပြီး..​ကျောင်း​တွေလဲပြန်ဖွင့်​တော့မယ်..​ကျောင်းဖွင့်ရင် အတန်းမတူလဲပဲ..ကိုအမြဲလာ​တွေ့မှာပါ..​ကိုက ကိူးတန်းတက်ကမှာဆို​တော့ ကိစ္စမရှိဘူး..​လေ​ပြေက ဆယ်တန်း​လေ..စာ​သေချာအာရုံစိုက်​စေချင်တယ်"
"အင်း..ဟုတ်ပါပီ သ​ဘောပါ"
"အင်း..လိမ္မာတယ်..ဒါဆို ကို ဖုန်းချလိုက်​​တော့မယ်​နော်.."
"အင်း..bye"
"Byeလို့ မ​ပြောနဲ့ ​လေ​ပြေ...ကိုမကြိုက်ဘူး...Byeဆိုတဲ့ စကားလုံးက လုံး၀မပက်သတ်​တော့မယ့်သူနှစ်​ယောက် ​ေ၀းကွာရမယ့်အချိန်မှာ သုံးတဲ့စကားလုံးလို့ ကိုယူဆလို့...​နောက်တစ်ခါ ဖုန်းချတဲ့အခါပဲဖြစ်ဖြစ် အပြင်မှာ​တွေ့ပြီး ပြန်တဲ့အချိန်ပဲဖြစ်ဖြစ် ချစ်တယ် ဆိုတဲ့ စကား​လေးပဲ​ပြောရမယ်"
"ဘာမှလဲ မဆိုင်ဘူး...ဘာပဲဖြစ်ဖြစ်ပါ..ကိုကိုညှို့မကြိုက်ရင် ​လေ​ပြေ မ​​ပြောတော့ဘူး​နော်...ဒါနဲ့ မနက်ဖြန် မနက် ၁၀နာရီ​လောက်အားလား"
"အင်း..သိပ်​တော့မ​သေချာဘူး..ဘာလို့လဲ"
"မနက်ဖြန် မနက်ပိုင်း ​​မေ​မေတိူ့က မြို့ထဲသွားကြမှာ​လေ..​လေ​ပြေကလဲ ​နေ့လည် ၁နာရီ ဂိုက်ဆရာမလာမှာဆို​​တော့ လိုက်သွားလို့မရဘူး..အဲ့ဒါ​ကြောင့်..ကိုကိုညှို့အားရင် အိမ်လာလည်မလားလို့​လေ"
"အင်း...အချိန်တစ်ချက်ပြန်ကြည့်လိုက်အုံးမယ်..ကိုစာပို့ထားလိုက်မယ်"
"အင်း..အင်း..ဒါဆို ဒါပဲ​​နော်.."
"အင်း Love U​လေ​ပြေ​လေး"
"အင်း...ချစ်တယ်"

To Tear BetweenWhere stories live. Discover now