Unicode
"Hello မမ ...Morning"
" Morning ညီမလေး"
"မမ..ညက ဇာတ်လမ်းအဆက်လေးဆက်ပြောလို့ရပီ..ဟီး.. မမအခုအားတယ်မလား..ညီမစာပို့ထားရမလား"
"ရတယ် ညီမလေး..မမအားတယ်..မမလဲဆက်နားထောင်ချင်နေတာ..ညကတည်းက...အခုပဲဆက်ပီးပြောပြလိုက်တော့နော်"
"ဟုတ်ပီ မမ..ဒီလိုမမရယ်..ညီမလေးနဲ့သူနဲ့တစ်နှစ်လောက်အဆက်အသွယ်ပြတ်သွားတယ်မလား..သူ့မေမေနဲ့ သူထိုင်းကိုထွက်သွားတူန်းကလေ..အဲ့ဒါ တစ်နှစ်ကြာတော့.....ညီမလေးတို့က ကိုးတန်းဖြေထားပြီးတဲ့အချိန် ဆယ်တန်းတက်ဖို့ စာတွေကြိုသင်နေရတဲ့အချိန်ဆိုလဲဟုတ်တယ်..တစ်နေ့တော့...
****************************
ကလင်...ကလင်...ကလင်....
-အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး စာကျက်နေတဲ့ လေပြေတစ်ယောက် အိမ်ရှေ့မှာ စက်ဘီးဘဲလ်သံကြား၍ ထကြည့်လိုက်ရာ...အိမ်ရှေ့မှာ စက်ဘီးပေါ်ကနေ ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်သို့ထောက်၍ရပ်နေသော သူတစ်ယောက်...သေချာကြည့်မိတော့..အဲ့တစ်ယောက်က ကိုရီးယားမင်းသားလေးတွေလို ဆံပင်ပုံစံလေးနဲ့ ရွှေအိုရောင်လေးလဲ ဆိုးထားသေးတယ်..နောက်ပြီး အဖြူရောင် စပို့ရှပ်ပွပွလေးအပေါ်မှာ မိုးပြာရောင်ရှပ်အကျီ်လေး၀တ်ထားပြီးကာကီရောင်ဘောင်းဘီတိုလေးကို ဒူးအထက်နားမှာ ခေါက်တင်ထားလေရဲ့...အသားကလဲ တကယ်ကိုဖြူဖွေး၀င်း၀ါနေလေသည်...သို့ပေမဲ့....ခေါင်းကိုငုံ့ထားတာကြောင့်မျက်နှာကိုတော့ သေချာမမြင်ရပေ.."အိမ်ရှေ့မှာ စက်ဘီးနဲ့ရပ်နေတဲ့ တစ်ယောက်ကဘယ်သူလဲမသိဘူး...တော်တော်တော့ချောမယ့်ပုံပဲ..စတိုင်လေးက မိုက်လိုက်တာ..အသားလေးကလဲဖြူနေတာပဲ...ငါ့ကိုကြိုက်လို့ လာကြောင်နေတဲ့သူများလား...ငါတို့ကျောင်းက ဘယ်ကောင်လေးဖြစ်နိုင်မလဲ....ငါလဲ အရေးရယ်အကြောင်းရယ်ဆိုရင် မျက်မှန်ကလဲမပါဘူး..မျက်နှာတောင် မမြင်လိုက်ရဘူး..ခေါင်းကငုံ့ထားတော့ပိုဆိုးသေးတယ်...ငါ အိမ်ထဲမှာ မျက်မှန်အမြန်သွားယူအုံးမှ...."
- မျက်မှန်မပါရင် ဘယ်သူဘယ်၀ါမှန်းမသိ လက်တစ်ချောင်းပြရင် ဆယ်ချောင်းပြတယ်လို့ထင်..တစ်ခါတစ်ခါ မျက်မှန်မပါဘဲ ကောင်လေးတစ်ယောက်ကိုကြည့်မိရင် အဲ့ကောင်လေးက မိုးပေါ်ကကျလာတဲ့ စကြာ၀ဠာတစ်ခုလုံးမှာအချောဆုံးဆုရထားတဲ့သူများနတ်သက်ကြွေလာသမျိုး...မျက်မှန်နဲ့ကြည့်လိုက်တော့မှ..ငရဲပြည်က ဗိုက်ပူပူနဲ့ငရဲသား လူ့ပြည်တက်လာပြီး လွန်ခဲ့တဲ့ ဆယ်ဘ၀က အကြွေးလာတောင်းတဲ့ရုပ်ဖြစ်နေတတ်တာမျိုး...ဒါကို မှန်ကြောင်သမားလေးများသာကွက်ကွက်ကင်းကင်းနားလည်ပေလိမ့်မည်...လေပြေတစ်ယောက်လဲ ထိုနည်းတူပင်...အေ၀းမှုန်တစ်ယောက်ဖြစ်နေတာကြောင့်...အိမ်ရှေ့ကတစ်ယောက်ရဲ့သရုပ်မှန်ကိုကွက်ကွက်ကင်းကင်းမြင်ရဖို့ အရေး..အိမ်ထဲကမျက်မှန်ကိုအပေးသွားယူလေသည်....မျက်မှန်ယူပြီး ၀ရံတာရှေ့ပြန်ထွက်လာတော့....
YOU ARE READING
To Tear Between
Romanceလေပြေကို အမြဲနာကျင်အောင်လုပ်ခဲ့တဲ့ လေပြေချစ်ခဲ့ရတဲ့သူ နဲ့ လေပြေအတွက်ဆို အရာရာနားလည်ပေးပြီးအမြဲအသင့်ရှိနေပေးတတ်တဲ့ လေပြေကိုအရမ်းချစ်တဲ့သူ.....ဘယ်သူ့ကိုလေပြေရွေးချယ်ရမှာလဲ..စိတ်တွေအရမ်းရှုပ်ထွေးလာပြီ...နှစ်ယောက်လုံးကို လက်လွှတ်ပြီး သ...