အပိုင်း ( ၇ . ၂ )

287 21 0
                                    

-​လေ​ပြေတို့ သူံး​ယောက် န၀​ဒေးရုပ်ရှင်ရုံ လတ်မှတ်​ကောင်တာသို့​ရောက်​သော်

"​လေ​ပြေနဲ့ အချစ်က​လေးက ဒီမှာခန​စောင့်​နေ​နော်..ဆုထက် လက်မှတ်သွား၀ယ်လိုက်အုံးမယ်"

"ရပါတယ် ဆုရယ်...ကို သွား၀ယ်​ပေးပါ့မယ်"

"မရှည်နဲ့ ​နေဆို ​နေခဲ့​ပေါ့"

"အင်း အင်း"

- ဆုထက်တစ်​ယောက် လက်မှတ်သွား၀ယ်​နေတုန်း

"​ ကိုယ့်ချစ်သူ​ရှေ့မှာ တစ်ခြားတစ်​ယောက်ကိုသည်းသည်းလှုပ်လှုပ်ဂရုစိုက်ချင်​ယောင်​ဆောင်​နေရတာ ​​တော်​တော်မှ ပင်ပန်းရဲ့လား ...ကိုကိုညှို့.."

"​လေ​ပြေရယ်..ကို့ကိုစိတ်မဆိုးပါနဲ့ကွာ​နော်..​လေ​ပြေလဲ သိရက်နဲ့..ကိုလဲ ဘာမှမတတ်နိုင်လို့ပါကွာ​နော်.."

"​အော်...ဟုတ်လား..မတတ်နိုင်လို့​ပေါ့..ဒါဆို ​လေ​ပြေကို​တော့ ညဘက် ဖုန်းမဆက်နဲ့ ညဘက်မအားဘူးလို့​ပြောပြီး တစ်ခြားမိန်းက​လေးတစ်​ယောက်နဲ့အတူသွားအိပ်တာကရော ဘာသ​ဘောလဲ..ဒါလဲပဲ မတတ်သာလို့ပဲလား"

"အင်း​လေ..​လေ​ပြေကို အ​ကြောင်းစူံ​ပြောပြပြီးပြီပဲ...​ဒါ​လေး​တောင် နားမလည်​ပေးနိုင်ဘူးလား"

"ဒါ​လေး ဟုတ်လား...​ပြောမှ​ပြောတတ်ပါ​ပေ့​နော်...ချစ်သူဖြစ်တာ နှစ်ရက်နဲ့တစ်ပိုင်းရှိ​သေးတယ်..ချစ်သူထက် သူငယ်ချင်းကိုပဲ အချိန်ပြည့်ဂရုစိုက်​ပေး​နေတာ​လေ.."

"​လေ​ပြေက​လဲ...သူငယ်ချင်းမို့ မဆုံးရှူံးချင်လို့ အခုလို​တွေ ဖြစ်​နေရတာပါကွာ"

"အဲ့ဒါဆိုလဲ သူငယ်ချင်းပဲထား​လေ​နော်..ချစ်သူထားမ​နေနဲ့..သူငယ်ချင်းနဲ့အတူအိပ်ဖို့ကို ချစ်သူကို ညဘက် မလုပ်မအားလို့ဖုန်းမဆက်နဲ့ဆိုပဲ..အဲ့​လောက်ထိ​တော့ နားမလည်ပေးနိုင်ဘူး..နင့်ရဲ့ချစ်လှစွာ​သော သူငယ်ချင်းဆုထက်နဲ့ပဲ ​နေခဲ့လိုက်​တော့.."

-​လေ​ပြေ စိတ်ဆိုးပြီး ရုပ်ရှင်ရုံထဲက​နေ အပြင်ကို​ပြေးထွက်လာခဲ့လိုက်သည်...အ​နောက်မှ ညှို့ကလဲ ​လေ​ပြေ​နောက်သို့ ​ပြေးလိုက်လာတာကို ​လေ​ပြေသတိထားမိသည်..

To Tear BetweenWhere stories live. Discover now