Unicode
-လေပြေ ရင်ထဲကို တိုက်ခတ်သွားတဲ့လေပြင်းမုန်တိုင်းကတော့ တစ်ခြားမဟုတ်....ညို့ရဲ့ အချစ်ရဆုံးသောသူငယ်ချင်းကြီး ဆုထက်...
"ဟေး...လေပြေ... Morningနော်"
"ဆုထက်...နင်က ဘယ်လိုလုပ်ပါလာရတာလဲ"
"ဘာလဲ ကိုယ့်ချစ်သူနောက် ကိုယ်လိုက်လာတာပဲ မရဘူးလား"
(လေပြေ - ရာရာစစ ငါ့ချစ်သူ ကိုကိုညှို့ကိုများ သူ့ချစ်သူတဲ့..ဒီအရူးမကတော့...ငါ့ချစ်သူက သူ့ကိုသနားလို့ အလိုက်အထိုက်ဆက်ဆံပေးနေရတာကိုများ မသိဘဲနဲ့များ...အံမယ်...လက်တောင်ချိတ်ထားလိုက်သေးတယ်...)
"လေပြေ...ညှို့ကို အိမ်ထဲပေးမ၀င်တော့ဘူးလား"
"အင်း....၀င်ပါ ကိုကိုညှို့ရေ..စောင့်နေတာကြာလှပီ"
(လေပြေ - ဘာလို့ ကိုကိုညှို့က ကိုဆိုတဲ့နာမ်စားမသုံးရတာလဲ...ဘာလဲ..ဒါကလဲ ဆုထက်ရဲ့အရှေ့မှာမိူ့ သူမရိပ်မိအောင်လား....ငါတကယ်ပေါက်ကွဲလာပြီနော်)
"ဟဲ့ လေပြေ..နင်က ဘာလို့ငါ့အချစ်ကလေးကို ကိုကိုညှို့လို့ခေါ်နေရတာလဲ...သူကငါ့ချစ်သူလေ...ငါနဲ့တွဲလာတာ ၃ နှစ်လောက်ရှိပြီ နင်မသိဘူးလား...မသိရင်လဲ သေချာစုံစမ်းထားလိုက်အုံး...သူများချစ်သူကိုများ ရာရာစစ ကိုကိုညှို့လေးဘာလေးနဲ့"
-လေပြေ တစ်ယောက် တကယ်ကိုစိတ်တိုနေပါပြီ..ကိုယ့်ချစ်သူကို သူ့ချစ်သူပါလို့ပိုင်စိုးပိုင်းနင်းပြောနေတဲ့ ဆုထက်ကို မုနိးတီးနေမိသော်လဲ....ညှို့ကမပြောလိုက်ပါနဲ့ လို့ဆိုတဲ့ အသံတိတ်မျက်၀န်းတွေက အရိပ်အယောင်ပြနေလေသည်.....
"Sorry ဆုထက်..ငါက စ ပြီးခေါ်လိုက်တာ...လာ ထိုင်ကြ...ဘာစားကြအုံးမလဲ.."
"ဘာမှမစားတော့ဘူး လေပြေရေ...ညှို့တို့ မနက်စာစားပြီးမှလာခဲ့တာ...စာအုပ်တွေရပြီလား"
"အင်း...ရပီ..ခနလေးနော်..လေပြေ အခန်းထဲမှာ စာအုပ်တွေ သွားယူလိုက်အုံးမယ်"
"အင်း လေပြေ..."
-လေပြေ တစ်ယောက် စာအုပ်တွေယူပြီး အိမ်ရှေ့ထွက်လာတော့..ညှို့ရဲ့ လက်ဖြူဖြူဖွေးဖွေးလေးတွေက ဆုထက်ရဲ့ မျက်နှာပေါ်က ချွေးစက်တွေကို တစ်သှျူးနဲ့ သုတ်ပေးနေတာကို တွေ့လိုက်ရသည်...သို့သော်လဲ..လေပြေတစ်ယောက် သက်ပြင်းချရုံမှ တစ်ပါး ဘာမှမတတ်နိုင် မပြောနိုင်ခဲ့.....
YOU ARE READING
To Tear Between
Romanceလေပြေကို အမြဲနာကျင်အောင်လုပ်ခဲ့တဲ့ လေပြေချစ်ခဲ့ရတဲ့သူ နဲ့ လေပြေအတွက်ဆို အရာရာနားလည်ပေးပြီးအမြဲအသင့်ရှိနေပေးတတ်တဲ့ လေပြေကိုအရမ်းချစ်တဲ့သူ.....ဘယ်သူ့ကိုလေပြေရွေးချယ်ရမှာလဲ..စိတ်တွေအရမ်းရှုပ်ထွေးလာပြီ...နှစ်ယောက်လုံးကို လက်လွှတ်ပြီး သ...