Unicode
-ဆုထက်ရဲ့ အသံက လေပြေနားထဲကို သံမှိုနဲ့ရိုက်လိုက်သကဲ့ပင်..ညှို့ဆီကို ပြုံးပြီးလမ်းလျှောက်လာတဲ့ ဆုထက်နဲ့ စွဲမက်လောက်တဲ့ ညှို့မျက်လုံးတွေနဲ့ပြုံးပြီးကြည့်နေတဲ့ညှို့တို့ရဲ့ အရှေ့ကို မိုးကြိုးအတောင့်လိုက်သာ ပစ်ချလိုက်စေချင်သည်......
(လေပြေ - ညှို့ပြောတော့ ဆုထက်နဲ့က သူငယ်ချင်းတွေပါဆို..ဘာလို့ ညှို့က ဆုထက်ကိုမြင်တော့လန့်သွားရတာလဲ..ဆုထက်ကရော ဘာလို့ ညှို့ကိုအဲ့လိုခေါ်ရတာလဲ.....ညှို့က ငါ့ကိုညာနေတာလား)
"အချစ်ကလေး ..ဒီမှာ ဘာလုပ်နေတာလဲ...အော် လေပြေပါလား..သူနဲ့လမ်းမှာတွေ့လာတာလား"
"ဟုတ်တယ် ဆုထက်..သူငယ်ချင်းတွေနဲ့ မုန့်သွားစားပြီး ညှို့က လေပြေအိမ်ကိုလိုက်ပို့တာလေ..ဆုထက်ကရော ဒီဘက်ကို ဘာကိစ္စရှိလို့လဲ"
"ဆုထက်က သူငယ်ချင်းတစ်ယောက်ဆီက ပြန်လာတာ လေပြေ..."
"အော် အင်း.."-ချက်ချင်းဆိုသလိုပဲ ဆုထက်က ညှို့ရဲ့ခါးလေးကိုကျစ်ကျစ်ပါအောင် ဖက်ပြီး...
"အချစ်ကလေး..ဆုကို အိမ်ပြန်လိုက်ပို့..ဆု လမ်းလျှောက်ရတာ ခြေထောက်တွေညောင်းနေပီ"
"အင်းပါ..ကိုယ် လိုက်ပို့ပေးမယ်..."
"ဆုထက်..လေပြေတစ်ခုလောက်မေးလို့ရမလား.."
"အင်း မေးလေ"
"ဆုထက် နဲ့ ညှို့က...."
"ဆု သွားရအောင်လေ...နောက်ကျနေပီ..ကို အိမ်မှာ အမေ့ကို ကူစရာရှိသေးတယ်...လေပြေ ကိုသွားပီနော်..နောက်မှတွေ့မယ်"
"နေ..နေအုံးမယ်လေ.."
"လေပြေရေ..နောက်ကြုံမှမေးတော့နော်..ဆုထက်တို့ သွားလိုက်အုံးမယ်နော်"
"Ok"
-စက်ဘီးပေါ်တွင် အရှေ့က ညှို့ရဲ့ခါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျောကို ပါးအပ်ကာ လိုက်သွားသော ဆုထက်တို့ နှစ်ယောက်ကို မြင်လိုက်ရတဲ့ လေပြေတစ်ယောက်တော့ ခုနက မိုးကြိုးကို လေပြေ့ပေါ်ကိုသာ ဆယ်ခါလောက် ပစ်ချလိုက်စေချင်တော့သည်.....(လေပြေ - ညှို့က တစ်ခုခုကို ဖုံးကွယ်ထားတာလား..ငါ ဆုထက်ကိုမေးဖို့လုပ်တာကို ညှို့က ဘာလို့ကြားဖြတ်ပြောပီး အမြန်အိမ်ပြန်ချင်နေရတာလဲ..ဆုထက် တစ်ခုခု ပြောလိုက်မှာကို ညှို့က စိုးရိမ်နေတာလား...ညှို့ ဆုထက်ကိုကြည့်တဲ့အကြည့်တွေအပြုံးတွေက ညှို့ကဆုထက်နဲ့သူငယ်ချင်းလို့သာပြောနေပေမယ့် သူငယ်ချင်းထက်ပိုနေတာကို လူတိုင်းလိုလိုသတိထားမိလောက်တယ်...ဘာတွေလဲ...မသိတော့ဘူး....စိတ်ညစ်လာပြီ..ညဘက် ညှို့ ဖုန်းဆက်တော့မှ ထပ်မေးကြည့်ရမယ်...သေချာအောင်လို့..ငါသေချာချင်တယ်..ဟုတ်တယ်..ငါညှို့ကိုချစ်နေမိပီ..ဒါက ညှို့ပုံစံတွေပြောင်းလဲသွားလို့ မဟုတ်ဘူး..သူ့ထွက်သွားထဲက ငါ့ရင်ထဲမှာ သူက နုတ်မရတဲ့ ဆူးတစ်ချောင်းလို စိုက်၀င်နေပီးသား...တစ်ခြားသူတွေကိုပြောပြရင် ဒါတွေက အဓိပ္ပါယ်မရှိဘူး ဘာညာပြောချင်ပြောကြလိမ့်မယ်..ဒါပေမဲ့ ငါ ညှို့ကို ချစ်မိနေပီ..ဘာလို့ချစ်မိသွားတယ်ဆိုတာ ငါမသိဘူး..သိလဲမသိချင်ဘူး..ငါ ညှို့ကို ဘယ်လိုပုံစံမဆိူလက်ခံနိုင်တယ်..ငါ ညှို့ရဲ့ကောင်မလေးဖြစ်ချင်တယ်...)
************************
( ည ကိုးနာရီတိတိမှာပဲ..ဖုန်းသံလေးတစ်ခုက လေပြေ နားထဲသို့ ရောက်ရှိလာခဲ့သည်.....)
![](https://img.wattpad.com/cover/224207305-288-k887086.jpg)
YOU ARE READING
To Tear Between
Romanceလေပြေကို အမြဲနာကျင်အောင်လုပ်ခဲ့တဲ့ လေပြေချစ်ခဲ့ရတဲ့သူ နဲ့ လေပြေအတွက်ဆို အရာရာနားလည်ပေးပြီးအမြဲအသင့်ရှိနေပေးတတ်တဲ့ လေပြေကိုအရမ်းချစ်တဲ့သူ.....ဘယ်သူ့ကိုလေပြေရွေးချယ်ရမှာလဲ..စိတ်တွေအရမ်းရှုပ်ထွေးလာပြီ...နှစ်ယောက်လုံးကို လက်လွှတ်ပြီး သ...