Part>14<

5.3K 356 6
                                    

Zawgyi ver

♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️♾️

ရိပေါရွှယ်ယန်ပြောသောစကားများကိုနားထောင်ပြီးတဲ့နောက်စစ်ကျွေးကိုကြည့်လိုက်တော့မျက်နှာသိပ်မကောင်း...
သူမထင်ထားခဲ့ဘူး...ဂင်ဟန်နာ....သူမအဲ့လိုတွေလုပ်ခဲ့လိမ့်မယ်လို့...

'ရိပေါ အခုမင်းနဲ့ရှောင်ကျန့်ကိစ္စမှာလည်းသူ့ပယောဂမကင်းဘူးလို့ငါထင်တယ်...မင်းရှောင်ကျန့်ကိုလုံးဝမလွှတ်လိုက်ပါနဲ့...ပြီးတော့သူမကိုလည်းအရမ်းမယုံပါနဲ့'

'အင်းပါငါနားလည်ပါတယ်'

ထိုအချိန်တွင်ငြိမ်နေသောစစ်ကျွေးထံမှ...

'်ကောကရှောင်ကျန့်ကောနဲ့သိလား...ဒါဆိုရိပေါကောက..'

'စစ်ကျွေးကရှောင်ကျန့်ကိုသိလို့လား?'

စစ်ကျွးပြောလိုက်သောစကားကြောင့်မေးလိုက်သည်ကရိပေါ

'ဟုတ် သိတယ်...သူနေမကောင်းဖြစ်နေတုန်းကကျွန်တော်ဘဲကုသပေးခဲ့တာလေ...ဟင်နေပါအုံး ဒါဒါဆိုရိပေါကောက...အဲ့နေ့က...ဟင်းကောတော့အမှားကြီးလုပ်ခဲ့တာဘဲ...'

'ဟုတ်တယ်ညီ...ကောမှားသွားခဲ့တယ်.'

'ဟမ် ရိပေါ...ငါငါနားမလည်တော့ဘူးမင်းရှောင်ကျန့်ကိုဘာလုပ်ခဲ့သေးလဲ...စစ်ကျွေးငါ့မသိတာကဘာလဲပြောပြပါအုံးကောမသိတာတစ်ခုခုရှိနေတယ်မလား..ဟင်'

'............'

'ဟုတ်တယ်..ငါ..ငါပြောပြမယ်..'

ရိပေါဖြစ်ခဲ့တာတွေကိုပြောပြလိုက်တော့ရွှယ်ယန်ကရိပေါကိုဆူပါလေရော..

'ဝမ်ရိပေါမင်းဘာတွေလျှောက်လုပ်လိုက်တာလဲ..ဟမ်..မင်း..မင်းကွာ..သူမင်းကိုစိတ်နာသွားရင်ဘယ်လိုလုပ်မလဲ..သူသေသွားရင်ဘယ်လိုလုပ်မလဲ..ဟမ်..မင်းပြော..မင်း..'

'ကော..စိတ်လျော့ပါ..'

'ငါငါတောင်းပန်ပါတယ်..ငါမစဉ်းစားမိလိုက်ဘူး..ငါ..ငါသူ့ကိုတောင်းပန်ချင်တယ်..စစ်ကျွေး ကောကိုကူညီပါနော်..'

'ကျွန်တော်ကူညီချင်ပါတယ်..ဒါမဲ့ကျွန်တော်ထင်တာ..ကောကိုယ်တိုင်ပြောတာပိုကောင်းမယ်ထင်တယ်..သူကကောတောင်းပန်တာကိုဘဲလိုချင်မယ်လို့ကျွန်တော်ထင်တယ်..'

ကျွန်တော်ချစ်သောRoommate(Z+U)✔️Completed✔️Where stories live. Discover now