Part>5<အထင်လွဲမှားခြင်း အထင်လွဲမှားခြင်း

6.6K 454 6
                                    

Zawgyi Ver...

06:35..,

Min Khu,

ကျွန်တော်ကလေးဘဝကထဲကဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး...
ကျွန်တော်ကောင်မလေးတွေအများကြီးနဲ့တွဲခဲ့ဖူးတယ်..
ဒါပေမယ့်အချစ်မပါခဲ့ဘူး..အားလုံးကိုအပျော်သဘောသက်သက်နဲ့တွဲခဲ့တာ..
ဒါပေမယ့်ရှောင်ကျန့်ကိုတော့မတူဘူး..
ကျွန်တော်သူ့ကိုတကယ်ချစ်တာ..
အတ္တကြီးသလိုဖြစ်မှန်းသိပေမယ့်ကျွန်တော်သူ့ကိုကျွန်တော်ဘဲပိုင်ဆိုင်ချင်လာတယ်..
ဝမ်ရိပေါဆိုတဲ့ကောင်နဲ့ရှောင်ကျန့်နဲ့ရည်းစားတွေဖြစ်နေပြီလို့ကြားတဲ့နေ့ကကျွန်တော်အရမ်းဝမ်းနည်းခဲ့ရတယ်..
နောက်ဆုံးဆက်ကြားရတာကသူတို့၂ယောက်ကကျောင်းပြီးရင်လက်ထပ်ကြတော့မယ်..
ဒါတော့အဖြစ်မခံနိုင်ဘူး..ရှောင်ကျန့်ကိုကျွန်တော်လိုချင်တယ်..
ပိုင်ဆိုင်ချင်တယ်...

**********************************
လွန်ခဲ့သော၃ရက်နေ့က,,,

'ဘာလို့လဲ ဝမ်ရိပေါမင်းကိုငါမုန်းတယ် မင်းကြောင့်..'

'ဟဲ့..Min Khu နင်ဘာဖြစ်နေတာလဲ ပါးစပ်ကလည်းပွစိပွစိနဲ့'

Min Khu နောက်ကနေလှမ်းပြောနေသောသူကိုလှမ်းကြည့်လိုက်တော့
Han Nar..
သူမကကျွန်တော်နဲ့ငယ်ငယ်လေးထဲကပေါင်းလာတဲ့ငယ်သူငယ်ချင်း..ကျွန်တော့EX ပါ..
ကျွန်တော်တို့၂ယောက်ပြတ်ပြီးသူငယ်ချင်းလိုဘဲနေခဲ့ကြတယ်..

'ဘာမှမဖြစ်ပါဘူး..မင်းကကောဒီမှာဘာလာလုပ်နေတာလဲ'

ဒီနေရာကကျောင်းရဲ့အပေါ်ဆုံးထပ်ပါ..အခုကကျောင်းလည်းဆင်းနေပြီမို့ကျွန်တော်နောက်မှာရောက်နေတဲ့သူမကိုကျွန်တော်မေးလိုက်တာပါ..

'ငါလား..ဘာမှမလုပ်ဘူး..နင့်နောက်ကိုတမင်လိုက်လာတာ'

'ဟင် ငါ့နောက်ကို..ဘာလို့'

'နင်ကဘာကိစ္စငိုနေတာလဲနင်ယောက်ျားမဟုတ်ဘူးလား..အဲ့မျက်ရည်တွေသုတ်လိုက်.'

' ဟန်နာ..ငါ..ငါလေရှောင်ကျန့်ကိုတကယ်ချစ်တာ..ဟင့်..'

'သူ့မှာကရည်းစားရှိတယ်ဆို..ငါကဘယ်လိုလုပ်ပေးရမှာလဲ..
ဒါနဲ့သူ့ကောင်ကဘယ်သူလဲ..'

ကျွန်တော်ချစ်သောRoommate(Z+U)✔️Completed✔️Where stories live. Discover now