"yayy..နိုင်ပြီကွ..ပေးပိုက်ဆံ.."
"ရော့ကိုကြီးကသက်သက်ညစ်တာ.ဂိုးလည်းမဂိုးပဲ..နောက်မစော့ဘူး"
"နေပေါ့ မစော့လည်း.လောလောဆယ် ပိုက်ဆံရပြီမုန့်သွားစားတော့မယ်.."
ရက်ကွက်ထဲကကလေးတွေနဲ့ ဘောလုံးကန်နေတဲ့ရှောင်းကျန့်
ကလေးတွေဆီကရတဲ့ပိုက်ဆံလေးနဲ့
သူလွယ်အိတ်လေးဆွဲပြီး မုန့်ဆိုင်ကိုထွက်ခဲ့သည်
ဟိုတလောကmallမှာဟိုလူကြီးနဲ့တွေ့ပြီးကတည်းကအဲ့ဒီmallကိုသူခြေတစ်လှမ်းမလှမ်းတော့
ဘာကြောင့်မှန်းမသိအဲ့လူကြီးကိုမြင်ရင် ရှိန်နေတယ်"အားကျန့်လေး ဒီနေ့ရောအရင်လိုစားမှာပဲမလား"
မုန့်ဆိုင်ထဲဝင်လိုက်တာနဲ့ သူ့အကြိုက်တွေသိနေတဲ့ကြီးကြီးက
လှမ်းမေးလာသည်"ဟုတ်ကဲ့.."
မုန့်လာပို့တာကိုစောင့်နေရင်း မျက်လုံးလေးကအပြင်ကိုကစားလိုက်သည်
ဆိုင်ပြင်မှာသွားလာနေကြတဲ့ မမချောတွေ
အို..ငါလေးသိပ်ကြွေတာပဲ .
ဘာပြောပြောငါံအရွယ်ကမိန်းမယူလို့ရနေပြီ"ကျေးဇူးပါဗျ"
လာပို့တဲ့ကြီးကြီးကိုကျေးဇူးတင်ကြောင်းပြောပြီး ခေါင်းမဖော်တမ်းမုန့်တွေငုံ့စားနေလိုက်သည်
"စားလို့ကောင်းလိုက်တာ."
တစ်ကိုယ်တည်းရေရွတ်ရင်းအပြင်ကိုလည်းကြည့်လိုက်သေးသည်
.လမ်းဘေးမှာထိုးရပ်ထားတဲ့ကားနက်ကြီး
သူ့နားမှာအမြဲံတွေ့နေရတတ်သည် အတိကျပြောရရင် ဟိုmallကပြန်လာကတည်းကပဲ"ထားလိုက်ပါတိုက်ဆိုင်တာဖြစ်မှာပါ ကြီးကြီးရေပိုက်ဆံထားခဲ့ပြီနော်"
မုန့်ဖိုးလေကိုစားပွဲမှာတင်ခဲ့ပြီး
မြောက်ကြွကြွနဲ့ အပြင်ကိုပြင်ထွက်လိုက်သည်
အဲ့ကားနက်ကြီးကိုတွေ့နေရတာ
အပြင်လည်းလျှောက်မသွားချင်တော့ အိမ်ကိုပဲပြန်လိုက်သည်
YOU ARE READING
နှလုံးသားရဲ့ သည်းငယ်(complete)
Fanfictionဆိုးလိုက်စမ်းပါသည်းငယ် ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ်တာပါဆို ••ရှောင်းကျန့်•• ဆိုးလိုက်စမ်းပါသည်းငယ်ကိုယ်ရှာထားတာတွေက မင်းအတွက်ပဲ ••ဝမ်ရိပေါ်•• ငါပြောသားပဲ ငါ့လင်က ငါ့ကိုသိပ်ချစ...