part39🐰THE END

14.2K 634 22
                                    

"​ရောက်​ပြီ သည်းငယ်​.."

"ဝါး..မိုက်​လိုက်​တာ.. ဒီ​နေရာ​လေးကို
ကိုကို​ယောကျာ်း ဘယ်​လို​တွေ့ထားတာလည်း.."

ခုထိကား​ပေါ်က မဆင်း​သေးဘဲ
တဝါးဝါးဖြစ်​​နေတဲ့ သည်းငယ်
နေရာ​လေးကိုအရမ်းသ​ဘောကျ​နေပုံ
နေရာ​လေးကအထူးဆန်းမဟုတ်​ပါ  ​ကောင်းကင်​ပြာပြာကြီးကို​နောက်​ခံထားပြီး
အောက်​မှာက​တော့ လိပ်​​လေး​တွေနဲ့
ဂဏန်း​လေး​တွေ​တောင်​မြင်​ရ​အောင်
ကြည်​​နေတဲ့ပင်​လယ်​ပြာ​လေး
သည်းငယ်​ကြိုက်​လို့​တော်​ပါ​သေးတယ်
နေရာ​လေးက ​သိပ်အ​ဝေးကြီးလည်းမဟုတ်
မနက်​၃နာရီ​လောက်​ကထွက်​လာကြတာ ခု၇နာရီ​လောက်​ဆို​တော့
ကြည်​လင်​​နေတဲ့ ​ကောင်းကင်​ကြီးကအရမ်းလှ​နေတာ
အေး​ဆေးတဲ့​နေရာ​လေးမို့
သည်းငယ်​​လေးနဲ့အဆင်​​ပြေပါ့မလား​တောင်​ထင်​​နေတာ
သည်းငယ်​ကရွလွန်း​တော့
အရမ်းပျင်း​နေမယ်​ထင်​တာ ခုလို​လေးဆို​တော့
သူဒီ​နေရာ​လေးကို​ရွေးဖြစ်​တာမှန်​သွားတယ်

"သည်းငယ်​ ဒါဆိုရင်​ ကား​ပေါ်ကဆင်းကြမယ်​​လေ.."

"အွန်း.ကိုကို​ယောကျာ်း.. "

သူ့ကိုဖင်​ခါပြီး ထွက်​သွားသည့်​သည်းငယ်​​နောက်​ကို​ပြေးလိုက်​ရသည်
မ​တော်​လို့​ချော်​လဲမှဖြင့်​ ဒီလူပဲ ရင်​ကျိုးရမှာ

"ကိုကို​ယောကျာ်း​ရေ..မြန်​မြန်​လာ.."

ချက်​ချင်းကြီးကို ​ဘောင်းဘီလိပ်​တင်​ပြီး
ရေထဲဆင်းသွားသည်
အဲ့ဟာ​လေးကို ဘယ်​လိုထိန်း​ကျောင်းရမှန်းမသိ
လည်​ပင်းမှာကြိုးချည်​ထားရမလားပဲ

အ​တွေး​တွေကိုဖြတ်​ပြီး သည်းငယ်
လက်​ယက်​​ခေါ်​နေတဲ့နားကို​ပြေးသွားလိုက်​သည်

"သည်းငယ်​..ကိုယ့်​ကိုစိုကုန်​ပြီကွာ.."

ရေ​တွေလှမ်းပတ်​​နေတဲ့သည်းငယ်​ရဲ့
လက်​က​လေးနှစ်​ဖက်​ကို
ချုပ်​ပြီး နည်းနည်း​လေးအသံမာသွားသည်​ကို
နှုတ်​ခမ်းကသူ့ကို​ပြေးကပ်​မတတ်​​ထော်​ထားသည်
စိတ်​​ကောက်​သည်​​ပေါ့​လေ

နှလုံးသားရဲ့ သည်းငယ်​(complete) Where stories live. Discover now